နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ၁၀/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်

 

နေပြည်တော် နိုဝင်ဘာ  ၂၆

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ် ပြန်ရေးအဖွဲ့၏ ၁၀/၂၀၂၁ ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန၌   ကျင်းပပြုလုပ်ပြီး  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊    သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်    ဗိုလ်ချုပ် ဇော်မင်းထွန်း၊  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်    ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာန ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ် များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်း မှုများကို ပြန်လည်ဖြေကြားကြသည်။ 

 


သတင်းစာရှင်းလင်းပွဲ  မစတင်မီ တက်ရောက် လာကြသူများအား   ကိုဗစ်-၁၉    ရောဂါကြိုတင် ကာကွယ်ရေးအတွက် တာဝန်ရှိသူများက လိုအပ် သည့်  ကျန်းမာရေးဆိုင်ရာများ ဆောင်ရွက်ပေးပြီးသတ်မှတ်အကွာအဝေးအတိုင်း နေရာချထားပေးသည်။

 


ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊   သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်  ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာနိုင်ငံ၏ ခေတ် အဆက်ဆက် နိုင်ငံခြားရေးမူဝါဒအပေါ်တွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေ ထိုင်ရေးမူကြီး ၅ ချက်ကို  တိကျစွာလိုက်နာကျင့်သုံးခဲ့သည့် အခြေအနေ များ၊   မြန်မာနိုင်ငံသည်  အာဆီယံပဋိညာဉ်၊  အာဆီယံစိတ်ဓာတ်၊   အာဆီယံနည်းလမ်းများအတိုင်း        လိုက်နာကျင့်သုံးနေထိုင်ခဲ့မှု၊        ၂၀၁၄ ခုနှစ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ  တာဝန်ထမ်းဆောင်စဉ်ကာလ အတွင်း အာဆီယံနိုင်ငံရေးနှင့်  လုံခြုံရေးအသိုက်အဝန်း  (APSC) ၊ အာဆီယံလူမှုရေးနှင့်   ယဉ်ကျေးမှုအသိုက်အဝန်း (AFCC) နှင့် အာဆီယံ စီးပွားရေးအသိုက်အဝန်း(AEC)   ထူထောင်ရေးလုပ်ငန်းစဉ်များကို အဖွဲ့ဝင်နိုင်ငံများနှင့်အတူ   အောင်မြင်စွာပူးပေါင်းဆောင်ရွက်နိုင်ခဲ့မှု၊     မြန်မာနိုင်ငံအနေဖြင့်  အာဆီယံအစည်းအဝေးများ  တက်ရောက်ရေး ကိစ္စအပါအဝင် ကိုယ်စားပြုမှုဆိုင်ရာကိစ္စများနှင့်ပတ်သက်၍  အာဆီယံ အဖွဲ့ဝင်    အချို့နိုင်ငံများက   ဆောင်ရွက်ခဲ့မှုများသည်  အာဆီယံ၏ ပဋိညာဉ်စာတမ်းနှင့်  အခြေခံမူများတွင်   ပြဋ္ဌာန်းထားမှုမရှိခြင်းနှင့် အာဆီယံ၏ ရည်ရွယ်ချက်တို့နှင့်လည်း   ဆန့်ကျင်နေသည့်အတွက်   မြန်မာနိုင်ငံဘက်မှ    ကန့်ကွက်ကြောင်း   သတင်းထုတ်ပြန်ခဲ့မှုများ၊ မြန်မာနိုင်ငံ၏ တည်နေရာအနေအထားအရ အရေးပါမှုနှင့်  ယင်းအရေး ပါမှုများကို အရာရောက်စေရေးအတွက်  နိုင်ငံတကာဆက်ဆံရေး၏ အရေးကြီးမှု၊     နိုင်ငံတော်အစိုးရအနေဖြင့်   ကျောင်းသားများ၏   ပညာသင်ယူမှုအခွင့်အလမ်း   မဆုံးရှုံးစေရန်    နိုဝင်ဘာ   ၁   ရက်မှစ၍  အခြေခံပညာကျောင်းများကို   မြို့နယ် ၄၆ မြို့နယ်မှအပ  ပြန်လည် ဖွင့်လှစ်ခဲ့မှုများ၊ သင်ခန်းစာများသင်ယူမှုနှင့် စာမေးပွဲစစ်ဆေးဆောင်ရွက် သွားမည့် အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ရောက်ရှိမှုနှင့် ဦးတည်အုပ်စု ၂၄ ခု သတ်မှတ် ၍   ကာကွယ်ဆေးထိုးနှံ ပေးနေမှု၊    နိုင်ငံအတွင်း  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုများ၊ ကိုဗစ်-၁၉ ကပ်ရောဂါ  တတိယလှိုင်းကို အစိုးရ၊ ပြည်သူလူထု၊ လူမှုရေး အသင်းအဖွဲ့များနှင့်    တပ်မတော်တို့      ပူးပေါင်းဆောင်ရွက်ခဲ့မှု၊    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့်  ထိတွေ့တိုက်ပွဲဖြစ်ပွားမှု   အခြေအနေများကို        ကျယ်ကျယ်ပြန့်ပြန့်     ရှင်းလင်းပြောကြားသည်။ 

 


ဆက်လက်၍   NUG ၊  PDF အမည်ခံ  အကြမ်းဖက်အဖွဲ့များ  လုပ်ဆောင်ခဲ့သည့် “Hit List ” ဟူသည့် စာရင်းနှင့်ပတ်သက်သည်များနှင့် ပြည်သူ လူထုအပေါ်   ခြိမ်းခြောက်မှုများ၊  ၎င်းတို့၏   အကြမ်းဖက်လုပ်ရပ် များကြောင့်  ရဟန်းသံဃာတော်များ၊  ပညာရေးဝန်ထမ်းများ၊  နိုင်ငံ့ ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာ ရရှိမှု၊ မိုင်းထောင် ဖောက်ခွဲ၊  မီးရှို့မှုများကြောင့်  အစိုးရနှင့်  ပုဂ္ဂလိကပိုင်  အဆောက်အဦ များ၊  လမ်းတံတားများ   ပျက်စီးဆုံးရှုံးရမှု၊ NUG ၊  CRPH  အမည်ခံ အကြမ်းဖက်အဖွဲ့၏  အကြမ်းဖက်အဖွဲ့အစည်းများ  ဖွဲ့စည်းထားရှိမှု၊ ဖမ်းဆီးရမိတရားခံ NLD ပါတီဝင် ဖြိုးဇေယျာသော်၏ ရန်ကုန်မြို့တွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် အခြေအနေများနှင့် ၎င်းနှင့် ဆက်စပ်တရားခံများကို လက်နက်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများ  နှင့်အတူ ဖမ်းဆီးရမိမှုများနှင့်ဖမ်းဆီးရမိသူများ၏ ဝန်ခံပြောကြားချက် များကို    PowerPoint   Presentation  များ၊  Video ဖိုင်များဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

 


ထို့နောက်     ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်   အဖွဲ့ဝင်  ဦးခင်မောင်ဦးက တည်ဆဲနိုင်ငံရေးပါတီများ၏ စာရင်းများကို စစ်ဆေး ဆောင်ရွက်မှုအခြေအနေ၊ အချိုးကျကိုယ်စားပြုစနစ်(PR)နှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲပြုလုပ်ခဲ့မှုအခြေအနေ၊ ၂၀၂၀ ပြည့်နှစ်  ပါတီစုံဒီမိုကရေစီ    အထွေထွေရွေးကောက်ပွဲ     လုပ်ငန်းစဉ်များ၊  မဲမသမာမှုများနှင့်  တရားမဲ့ပြုကျင့်မှုဖြစ်စဉ်များတွင်  ပါဝင်ပတ်သက် ဆောင်ရွက်ခဲ့ကြသူများအပေါ် အရေးယူဆောင်ရွက်မှုအခြေအနေများနှင့်  မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ဥပဒေ၊ နည်းဥပဒေများ သုံးသပ်ပြင်ဆင် ခြင်းအပါအဝင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို Power Point   Presentation များဖြင့် ရှင်းလင်းပြောကြားသည်။ 

 


ယင်းနောက် သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလို သည့် မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာသတင်း ထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက ပြန်လည်ရှင်းလင်းပြောကြား ခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။          

 


အဆိုပါ   သတင်းစာရှင်းလင်းပွဲတွင်   သတင်းမီဒီယာများ  မှီငြမ်း ကိုးကားနိုင်ရေးအတွက် သတင်းစာရှင်းလင်းပွဲဆိုင်ရာ အချက်အလက် များ၊   အကြမ်းဖက်မှုများတွင်  ပါဝင်ပတ်သက်ခဲ့ပြီး   ဖမ်းဆီးရမိသူများ နှင့်   ဆက်နွှယ်သူများ၏     အချက်အလက်များ၊   လက်ရှိပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏  လုပ်ဆောင်ချက်များနှင့် သတင်းထုတ်ပြန် ချက်များကို    ခင်းကျင်းပြသထားရှိပြီး   တက်ရောက်လာကြသူများက လိုက်လံကြည့်ရှုလေ့လာကြရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်    ဗိုလ်ချုပ်ဇော်မင်းထွန်းက အသေးစိတ်ရှင်းလင်းပြသသည်။ 

 


သတင်းစာရှင်းလင်းပွဲသို့    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့    အဖွဲ့ဝင်များ၊   ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊   တပ်မတော်    သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်း သတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊  ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်း  အခြေစိုက်   ပြည်ပသတင်းဌာနမှ   သတင်းထောက်များ လာရောက်သတင်းရယူခဲ့ကြကြောင်းနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်းဖြေကြားမှု   အပြည့်အစုံကို  ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။  

 

သတင်းစဉ်