ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအား COVID Safe Services များအဖြစ် ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းပုံရိပ်ကို မြှင့်တင်ပေးနိုင်ရန်လိုအပ်

 

နေပြည်တော်   နိုဝင်ဘာ  ၂၆


ပစိဖိတ်-အာရှခရီးသွားလုပ်ငန်းအဖွဲ့(PATA)က ဦးဆောင်၍ Ministry of Tourism, Arts &  Culture Sarawak နှင့် Sarawak Tourism Board တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် Virtual PATA Destination Marketing Forum-2021 ကို နိုဝင်ဘာ ၂၅ ရက်မှ နိုဝင်ဘာ ၂၆  ရက်အထိ မလေးရှားနိုင်ငံ   ဆာရာဝပ် ပြည်နယ် ကူချင်းမြို့၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံများက  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင် တက်ရောက်ကြသည်။ 
 

 

ဆွေးနွေး


ဖိုရမ်ဒုတိယနေ့ကို   ယနေ့ မြန်မာစံတော်ချိန် နံနက် ၇ နာရီခွဲ တွင်     ကျင်းပရာ    ဆာရာဝပ် ပြည်နယ် ခရီးသွားလုပ်ငန်းဘုတ် အဖွဲ့၏ CEO Datu Aloysius Dris, ပစိဖိတ်-အာရှခရီးသွားလုပ်ငန်း အဖွဲ့မှ Communication & Ex-ternal Affairs ၏ ညွှန်ကြားရေးမှူး Mr. Paul Pruangkarn နှင့် The Rainforest World Music Fes-tival မှ Co-founder and Exe-cutive Director Robert Basiuk တို့က “The Rainforest  World Music Festival” ခေါင်းစဉ်ဖြင့်  ဆွေးနွေးတင်ပြကြပြီး PATA မှ Sustainability & Social  Re-sponsibility အကြံပေး Mr. Gra-ham Harper က    “ခရီးသွား လုပ်ငန်းများ ပြန်လည်ဦးမော့လာ စေရေးနှင့်    ရေရှည်တည်တံ့ရေး နည်းလမ်းများ”   ခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။  

 


ထို့နောက် “Tellian,  The Soul of MUKAN ” Virtual Tour ကိုပြသပြီး Quizzes and prizes ပြိုင်ပွဲကျင်းပရာ     မြန်မာနိုင်ငံ နေပြည်တော်        ပြည်ထောင်စု နယ်မြေမှ   ဒေါ်ဇေငြိမ်းထွန်းက ဒုတိယဆုရရှိသည်။

 


ယင်းနောက်    ဒုတိယအစီ အစဉ်အဖြစ် မော်လ်ဒိုက်နိုင်ငံမှ ခရီးသွားလုပ်ငန်းဝန်ကြီး         Dr. Abdulla Mausoom ဦးဆောင်၍ သီရိလင်္ကာနိုင်ငံ၊    ထိုင်းနိုင်ငံနှင့် BBC ရုပ်သံတို့မှ တာဝန်ရှိ ပုဂ္ဂိုလ် များက ကိုဗစ်-၁၉ ကာလအလွန် တွင်      ခရီးသွားလုပ်ငန်းများ ပြန်လည် ထူထောင်ရေးအတွက် ဦးစားပေး         ဆောင်ရွက်သည့် အချက်များကို ဆွေးနွေးပြောကြား ပြီး ဒုတိယနေ့အစီအစဉ်များကို ရပ်နားခဲ့ကြောင်း သိရသည်။

 


ဟိုတယ်နှင့် ခရီးသွားကဏ္ဍ


ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီးသည်    နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ် အစည်းအဝေး ခန်းမ၌ကျင်းပသည့် နေပြည်တော် ကောင်စီအတွင်း  ဟိုတယ်နှင့် ခရီး သွားကဏ္ဍ   ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ တွေ့ဆုံပွဲသို့ တက်ရောက်သည်။

 


တွေ့ဆုံပွဲသို့    ဟိုတယ်နှင့် ခရီးသွားလာရေး    ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊    ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဌာနတာဝန်ခံ များ၊  နေပြည်တော်   ဟိုတယ် ဆိုင်ရာလုပ်ငန်းရှင်အသင်း ဒုတိယ ဥက္ကဋ္ဌ၊  PNPT Sport  Farm  မှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်း ရှင်များ၊ အထွေထွေမန်နေဂျာများ နှင့်   မန်နေဂျာများ  တက်ရောက်ကြသည်။ 

 


တွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီးက    ခရီးသွားလုပ်ငန်း ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ အား COVID Safe Services များ အဖြစ် ဆောင်ရွက်ခြင်းဖြင့် မြန်မာ နိုင်ငံ၏ ခရီးသွားလုပ်ငန်းပုံရိပ်ကို မြှင့်တင်ပေးနိုင်ရန် လိုအပ်ကြောင်း၊ ဟိုတယ်များအနေဖြင့် website တွင် National   အဆင့်   အသိ အမှတ်ပြုလက်မှတ်များ လျှောက် ထားနိုင်ရေး ပူးပေါင်းဆောင်ရွက် ပေးရန်လိုအပ်ကြောင်း၊  ဟိုတယ် နှင့်   လာရောက်တည်းခိုသည့် ခရီးသွားဧည့်သည်များ၏ လုံခြုံ ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်း ရေးအတွက်  လုံခြုံရေးအသိဖြင့် အထူးအလေးထား   ဆောင်ရွက် ရန်လိုအပ်ကြောင်း၊    ဟိုတယ် ပတ်ဝန်းကျင်နှင့် မြေယာအခင်း အကျင်း သန့်ရှင်းသာယာ လှပစေ ရေး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက် ရန် လိုအပ်ကြောင်း၊    လုပ်ငန်း လိုင်စင်သက်တမ်း    ကုန်ဆုံးနေ သော      ဟိုတယ်များအနေဖြင့် အမြန်ဆုံး သက်တမ်းတိုးနိုင်ရေး ဆောင်ရွက်သွားရန်     လိုအပ် ကြောင်း ပြောကြားသည်။

 


ထို့နောက်    နေပြည်တော် ဟိုတယ်ဆိုင်ရာ    လုပ်ငန်းရှင် အသင်း ဒုတိယဥက္ကဋ္ဌနှင့် ဟိုတယ် မန်နေဂျာများက   နေပြည်တော် ကောင်စီနယ်မြေအတွင်း Health and Safety Protocol သင်တန်း များ   ဖွင့်လှစ်ပြီးစီးမှုအခြေအနေ နှင့် နေပြည်တော်သို့ လာရောက် မည့် ခရီးသွားဧည့်သည်များ ခရီး သွားလာမှုဆိုင်ရာ        ဝင်ခွင့် သတ်မှတ်ချက်များ ယခုထက် ပိုမို ဖြေလျှော့ပေးနိုင်ရေး    အတွက် ကူညီဆောင်ရွက်ပေးစေလိုသည့် အခြေအနေများကို    ဆွေးနွေး တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်