မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ဆရာ ဆရာမ ၃၁၂၄၄ ဦးအတွက် ကျောင်းဝတ်စုံများပေးအပ်

မန္တလေး   နိုဝင်ဘာ   ၂၅


မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်ခုနစ်ခုရှိ အခြေခံ ပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ  ဆရာ ဆရာမ ၃၁၂၄၄ ဦးအတွက် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကို ယနေ့မွန်းလွဲပိုင်းက မဟာအောင်မြေမြို့နယ်ရှိရတနာပုံခန်းမ၌   ကျင်းပရာ  မန္တလေးတိုင်းဒေသ ကြီး  ဝန်ကြီးချုပ် ဦးမောင်ကို၊    တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊   ဌာနဆိုင်ရာများ၊ ခရိုင် ပညာရေးမှူးများနှင့် ဆရာ ဆရာမများ တက်ရောက် ကြသည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယနေ့ တာဝန်ထမ်းဆောင်နေကြသည့် ဆရာ ဆရာမ များအနေဖြင့်    ပြည်သူ့သားသမီးများကို   ပညာ သင်ကြားပေးနေသည့်အတွက်     ပြည်သူ့ဝန်ထမ်း၊ ပြည်သူ့အတွက် တာဝန်ထမ်းဆောင်နေခြင်းဖြစ် သည်ဟု    မိမိတို့စိတ်ထဲတွင်   မှတ်ယူကြစေချင် ကြောင်း၊    ပြည်သူ့ဝန်ထမ်းဖြစ်သည့်အတွက် ပါတီ နိုင်ငံရေးကင်းရှင်းရမည်ဖြစ်ကြောင်း၊   ပညာရေး အဆင့်အတန်းမြင့်မားလာစေရေးအတွက်       သိမှု နယ်ပယ်၊ ကျွမ်းကျင်မှုနယ်ပယ်၊ စိတ်နေသဘောထား/ခံစားမှုနယ်ပယ်ဟူ၍နယ်ပယ်ကြီးသုံးခုလုံး ဟန်ချက် ညီညီ    ဖွံ့ဖြိုးအောင်သင်ကြားလျှင်  တိုင်းပြည်၏ အနာဂတ်၊ တိုင်းပြည်ကို ပုံဖော်ထုဆစ်မည့် ဗိသုကာ လောင်းများ ပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံ တစ်နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန် လူ့စွမ်းအားအရင်း အမြစ်များ ပြုစုပျိုးထောင်ရန်လိုအပ်သကဲ့သို့ နေရာ မှန်ကန်စွာ ရွေးချယ်အသုံးပြုတတ်ရန်လည်း လိုအပ် ကြောင်း၊  ပညာရည်မြင့်မားရေးသည်  ပညာရေး ဝန်ထမ်းများ၏ စာပေ(Academic)အဆင့်အတန်း၊ ဆရာအတတ်ပညာ (Professional) အဆင့်အတန်း၊ အကျင့်သိက္ခာ  (Attitudinal)  အဆင့်အတန်း မြင့်မားရေးကိုလည်း တည်မှီအခြေခံလျက်ရှိသဖြင့် ပညာအဆင့်အတန်းကိုသာမက    အကျင့်သိက္ခာ အဆင့်အတန်းမြင့်မားရေးကိုလည်း ဂရုပြုဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။ 


ဆက်လက်၍  တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ခရိုင်ခုနစ်ခုရှိ အခြေခံပညာ ကျောင်းများနှင့်    ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများမှ ဆရာ ဆရာမများအတွက် ကျောင်း ဝတ်စုံများကို သက်ဆိုင်ရာပညာရေးမှူးများနှင့် ဆရာ ဆရာမများထံသို့ လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများက  တက်ရောက်လာကြ သည့် ဆရာ ဆရာမများထံသို့ ကျောင်းဝတ်စုံများကို လည်းကောင်း လက်ရောက်ပေးအပ်သည်။


ယနေ့ ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ပွဲ တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဆရာ ဆရာမ ၃၁၂၄၄ ဦးအတွက် ကျောင်းဝတ်စုံ ၃၁၂၄၄ စုံ  (တန်ဖိုးငွေကျပ်သိန်း၂၅၄၀) ပေးအပ်ခဲ့ကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အခြေခံပညာ ကျောင်းများ၊ တက္ကသိုလ်များအတွက် လိုအပ်သော အဆောက်အအုံများ ဆောက်လုပ်ပေးခြင်း၊ သန့်ရှင်း သာယာလှပရေးဆောင်ရွက်ခြင်း၊ ပညာရေးဝန်ထမ်း များအား ငွေကြေးထောက်ပံ့ပေးခြင်း၊ အခြေခံပညာ ဆရာ ဆရာမများအား ကျောင်းဝတ်စုံထောက်ပံ့ပေး ခြင်းများအတွက် ငွေကျပ် ၁၁၉၃ ဒသမ ၁၇၈ သန်း သုံးစွဲဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။        

                                       
သတင်းစဉ်