မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီ အစည်းအဝေးကျင်းပ

နေပြည်တော်   နိုဝင်ဘာ  ၂၅


မြန်မာနိုင်ငံ  စစ်မှုထမ်းဟောင်းအဖွဲ့  ဗဟိုကောင်စီ အစည်းအဝေးကို နိုဝင်ဘာ ၂၄ ရက်တွင် နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်၌ ကျင်းပသည်။


ရှင်းလင်းပြောကြား


အစည်းအဝေးတွင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ ဗဟိုကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မြဝင်း(အငြိမ်းစား)က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်းအဖွဲ့ညီလာခံ(၂၀၂၁)     ကျင်းပရေး ကော်မရှင်အတွင်းရေးမှူး ဗဟိုကောင်စီဝင် ဗိုလ်မှူး ချုပ်မြင့်ဟိန်း(အငြိမ်းစား)က      ညီလာခံဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဗဟိုကောင်စီဝင်များက ၎င်းတို့၏ လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်နိုင်မှု  အခြေအနေများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ညီလာခံ (၂၀၂၁)သို့ တင်သွင်းကြမည့် ဗဟိုကောင်စီ အစီရင်ခံစာ အကျဉ်းချုပ်ကို ဖတ်ကြားတင်ပြခြင်း၊ အတည်ပြုခြင်း၊  ဗဟိုအမှုဆောင်အဖွဲ့     စာတမ်းအကျဉ်းချုပ်ကို ဖတ်ကြားတင်ပြခြင်း၊ အတည်ပြုခြင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၁၀/၂၀၂၁ လမှ ၃/၂၀၂၂ လအထိ) ဘဏ္ဍာ ရေးလျာထားချက်ကို  အတည်ပြုခြင်း၊ ရွေးချယ်မည့် လျာထား ညီလာခံကိုယ်စားလှယ် အမည်စာရင်းကို အတည်ပြုခြင်းနှင့် ဆုံးဖြတ်ခြင်း(၇)ရပ်၊ အတည်ပြု ခြင်း (၁)ရပ်၊    မှတ်တမ်းတင်ခြင်း    (၈)ရပ်တို့ကို ဆောင်ရွက်ခဲ့ပြီး ဗဟိုကောင်စီဥက္ကဋ္ဌက နိဂုံးချုပ် စကားပြောကြားကာ    အစည်းအဝေးကို  ရပ်နားခဲ့ ကြောင်း သိရသည်။


သတင်းစဉ်