
အင်းလေး နိုဝင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင် အင်းတော်မြို့နယ်အတွင်းရှိ အင်းတော်လေး အင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါအင်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ အင်းတော်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်အောင် နှင့် အဖွဲ့ဝင်များ၊ ကသာခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးထွန်းလှ အောင်နှင့် ဝန်ထမ်းများ တက် ရောက်ခဲ့ကြသည်။
အင်းတော်လေးအင်းအတွင်း ၌ ငါးလုပ်ငန်း ရေရှည်စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖူလုံစေရန်၊ ငါးလုပ်ငန်း ကို အခြေခံ၍ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူဖြစ်စေရန်အတွက် အဆိုပါ အင်းအတွင်းသို့ ငါးကြင်းမျက်ဆန် နီကောင်ရေ ၁၁၀၀၀၀ နှင့် ငါးခုံးမ ကြီးကောင်ရေ ၁၀၀၀၀၀ စုစု ပေါင်း ငါးကောင်ရေ ၂၁၀၀၀၀ စိုက်ထည့်ခဲ့ကြောင်း သိရ သည်။
လူအောင်(ကသာ)