
နေပြည်တော် နိုဝင်ဘာ ၂၄
လူငယ်ရေးရာမူဝါဒနှင့် ဆက်စပ် လုပ်ငန်းစဉ်များအားအားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၌ ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးမင်းသိန်းဇံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၊ ဦးအောင်ထွန်းခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရေးဆွဲအတည်ပြု
အခမ်းအနားတွင် ပြည်ထောင် စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူငယ်ထု ဖွံ့ဖြိုးတိုးတက်ရေး အတွက် လူငယ်ရေးရာမူဝါဒနှင့် လူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက် (၂၀၂၀-၂၀၂၄) ကို ရေးဆွဲ အတည်ပြုခဲ့ပြီး အာဆီယံ အပါ အဝင် နိုင်ငံတကာနှင့် ပူးပေါင်း၍ လူငယ်ဆိုင်ရာ လုပ်ငန်းများ၊ အစည်းအဝေးများ၊ ဆွေးနွေးပွဲ များကို ပါဝင်ဆောင်ရွက်ခဲ့ ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန
အနေဖြင့် ကလေးသူငယ်၊ လူငယ်၊ အမျိုးသမီး၊ မသန်စွမ်း၊ သက်ကြီး ရွယ်အို စသည့် ထိခိုက်လွယ်သော အုပ်စုများကို Life Cycle Appro- ach ဖြင့် ပြုစုစောင့်ရှောက်ပေး ခြင်း၊ ကာကွယ်စောင့်ရှောက် ပေးခြင်း၊ ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိရာ လူငယ်ကဏ္ဍအနေဖြင့် ပြုစုစောင့်ရှောက်ရန် လိုအပ်သော ကလေးသူငယ်များနှင့် အကျင့် စာရိတ္တပြုပြင်ပေးရန် လိုအပ်သော ကလေးသူငယ်များ၊ လူငယ်များ အတွက် ကလေးပြုစုရေးဌာနများ၊ လူငယ် သင်တန်းကျောင်းများ
ဖွင့်လှစ်၍ ထိန်းသိမ်းစောင့်ရှောက် ခြင်းတို့ကို ယခင်ကတည်းက ဆောင်ရွက်ခဲ့ကြောင်း ပြောကြား သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံက ယနေ့ လူငယ်အများစုသည် နည်းပညာ၊ စီးပွားရေး၊ အလုပ်အကိုင်အခွင့် အလမ်း၊ မူးယစ်ဆေးဝါး စသည့် စိန်ခေါ်မှုများနှင့် ကြုံတွေ့ရင်ဆိုင် နေရခြင်းကြောင့် စိတ်ဓာတ်၊ စည်းကမ်း၊ အရည်အသွေး ပြည့်ဝ သည့် အနာဂတ်ခေါင်းဆောင်များ ဖြစ်ပေါ်လာစေရေးနှင့် လူငယ် ဖွံ့ဖြိုးရေးကဏ္ဍများသည် Cross Cutting Issue ဖြစ်သည့်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူငယ်ထု၏ တန်ဖိုးများ၊ စံနှုန်း များပြည့်ဝစွာဖြင့် တစ်ဦး တစ်ယောက်ချင်းမှသည် မိသားစု၊ ရပ်ရွာနှင့် နိုင်ငံတော်၏ အကျိုး စီးပွားကို မြှင့်တင်ဆောင်ရွက် ပေးနိုင်သော၊ အနာဂတ် မျိုးဆက် သစ်များကို လက်တွဲခေါ်ဆောင်၍ နိုင်ငံတော်တည်ဆောက်ရေးကို ကြိုးပမ်း ဆောင်ရွက်သွာမည် ဖြစ်ကြောင်း ပြောကြားသည်။
ရှင်းလင်းဆွေးနွေး
ယင်းနောက် တာဝန်ရှိသူ များက လူငယ်ရေးရာကိစ္စရပ် များနှင့်စပ်လျဉ်း၍ ဆောင်ရွက် ခဲ့သည့် လုပ်ငန်းရပ်များ၊ ဆောင်ရွက်ဆဲနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ကို ရှင်းလင်းဆွေးနွေးကြပြီး ပြည်ထောင်စု ဝန်ကြီးများက ဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်