“ဖေဖေတို့ အငြိမ့်”  ဖျော်ဖြေပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်   နိုဝင်ဘာ   ၂၅


အများပြည်သူ    ပျော်ရွှင်စေရန်၊ အပန်းပြေစေရန်နှင့် စိတ်ခွန်အား သစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေ ရေးအစီအစဉ်များကို တင်ဆက်  လျက်ရှိရာ   “ဖေဖေတို့  အငြိမ့်” ဖျော်ဖြေပွဲကို နိုဝင်ဘာ ၂၇ရက်၊ ည  ၈  နာရီ  သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏  MRTV-HD Channel မှ  ထုတ်လွှင့် ပြသမည်ဖြစ်သည်။

 


ယင်းဖျော်ဖြေမှုကို     လူရွှင် တော်   ဒိန်းဒေါင်က    စီစဉ်ပြီး ဟာသမင်္ဂလာ ရွှေဆိုင်းတော်အဖွဲ့ ၏ တီးခတ်မှုနှင့်အတူ ခေါင်းဆောင် မင်းသမီး ကျားလေးစိန်၊ ရှေ့ထွက် မင်းသမီး လဝန်းမေ၊ လူရွှင်တော် များဖြစ်ကြသည့် စံမိုး၊ တိမ်ညွန့်၊ ဥဩနှင့် မိုးကျော်တို့က ဖျော်ဖြေ တင်ဆက်ကြမည်ဖြစ်သည်။

 


ထိုသို့တင်ဆက်မှုကို ဒီဇင်ဘာ (၁) ရက်၊   မွန်းလွဲပိုင်း   National News အစီအစဉ်   အပြီးတွင် ဒုတိယအကြိမ်  ထမ်မံထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်