အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၆ ဒသမ ၀၇ သန်းကျော်ရှိလာ

တီဟီရန်   နိုဝင်ဘာ  ၂၂


အီရန်နိုင်ငံ၌     လွန်ခဲ့သည့်တစ်ရက်အတွင်း   ကိုဗစ်-၁၉   ရောဂါ ကူးစက်ခံရသူ ၄၃၄၀  ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကူးစက်ခံရသူပေါင်း ၆၀၇၇၄၃၈ ဦးရှိလာကြောင်း  အီရန်ကျန်းမာရေး  ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။


ထို့ပြင်  အီရန်နိုင်ငံ၌  လွန်ခဲ့သည့်တစ်ရက်အတွင်း   ကိုဗစ်-၁၉ ရောဂါကြောင့်    သေဆုံးသူ  ၁၀၄   ဦးရှိပြီး နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှ စတင်ကာ  လက်ရှိအချိန်အထိ သေဆုံးသူပေါင်း  ၁၂၈၉၅၆  ဦးရှိလာကြောင်း  သိရသည်။
အီရန်နိုင်ငံ  ကျန်းမာရေးဝန်ကြီးဌာန၏  ပြောကြားချက်အရ အီရန်နိုင်ငံ၌     ကိုဗစ်-၁၉ ရောဂါမှ   ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှဆင်းခွင့်ရရှိသူပေါင်း ၅၇၈၃၄၂၅ ဦးရှိလာကြောင်း နှင့်  အထူးကြပ်မတ်ကုသဆောင်များ၌  ဆေးဝါးကုသမှုခံယူလျက် ရှိသူပေါင်း ၃၄၀၉ ဦးရှိကြောင်း သိရသည်။
အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးသူပေါင်း ၅၆၆၅၃၉၄၇  ဦးရှိကြောင်းနှင့် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူပေါင်း ၄၄၇၂၆၀၄၇  ဦးရှိကြောင်း  သိရသည်။


ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အလင်းသစ်
n