
နေပြည်တော် နိုဝင်ဘာ ၂၂
အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရ ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်ခဲ့သော ဖမ်းဆီးရမိတရားခံ NLD ပါတီဝင် မောင်ကျော် (ခ) ဖြိုးဇေယျာသော် အပါအဝင် ကျား ၄၃ ဦး၊ မ ခုနစ်ဦး၊ ပေါင်း ၅၀ တို့ကို လက်နက်မျိုးစုံ ၁၂၇ လက်၊ လက်လုပ် ပစ္စတို ၁၂၈ လက်၊ ကျည်အိမ်မျိုးစုံ ၂၇၆ ခု၊ ကျည်မျိုးစုံ ၁၆၀၅၇ တောင့်၊ ၄၀ မမဗုံးသီး ၄၃ လုံး၊ လက်လုပ်ဗုံး ၁၁ လုံး၊ ရီမုဒ်မိုင်း လေးလုံး၊ ရှေ့ထွက်မိုင်း ၁၀ လုံး၊ မီးခိုးဗုံး ငါးလုံး၊ ရှို့ပစ် နှစ်လုံး၊ လက်ပစ်ဗုံး ၁၈ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၁၅ လုံး၊ လက်လုပ်ဗုံး ၁၃၈ လုံး၊ လက်လုပ် ဗုံး(အကြီး)သုံးလုံး၊မီးရှို့လက်လုပ် ဗုံး ၃၉ လုံး၊ ယမ်းပြင်း ၂၅ ထုပ်၊ လက်လုပ်ယမ်း ၄၃ ထုပ်၊ ယမ်းကြိုး(ပေ ၁၀၀) တစ်ခွေ၊ ဒီတို နေတာ အချောင်း ၈၀၀၊ TNT ယမ်း (၀.၂၅)ပေါင် ၁၅၃ တောင့်၊ TNT ယမ်း(၁ ပေါင်) ၁၀ တောင့်၊ C4 ယမ်း (၁.၂၅) ပေါင် ကိုးတောင့်၊ Transistor ၁၄ ဘူး၊ ကီးပတ်ဖုန်း ၁၆ လုံး၊ နာရီ ခုနစ်လုံး၊ လမ်းလျှောက် စကားပြောစက် လေးလုံး၊ ဆက်သွယ်ရေးအထိုင် စက် တစ်လုံး၊ ၂.၅ လက်မ သံငါးပိဿာ၊ မှန်ပြောင်း နှစ်ခု၊ ဂြိုဟ်တုဖုန်း ၁၃ လုံး၊ Laptop နှစ်လုံး၊ Hard Disk တစ်ခု၊ ATM ကတ်များ၊ နိုင်ငံကူးလက်မှတ် စာအုပ် တစ်အုပ်၊ ရန်ကုန်မြို့ အတွင်း အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးရေး ပြုလုပ်မည့်စာရင်း များ၊ လုပ်ကြံသတ်ဖြတ်မည့် စာရင်းများ ပြုစုထားသည့် မှတ်တမ်းစာအုပ်များ၊ စိတ်ကြွ ရူးသွပ်ဆေးပြားများနှင့် အခြား ဆက်စပ်ပစ္စည်းများအား သိမ်း ဆည်းရမိခဲ့သည့် ဖြစ်စဉ်အား နိုဝင်ဘာ ၂၀ ရက်တွင် သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်၊၊
စည်းရုံးရေး လှုပ်ရှားမှုများတွင် အနီးကပ်လိုက်ပါ
တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော်အား (ဘ) ဒေါက်တာ မြသော် (မိ) ဒေါက်တာ ဒေါ်ခင်ဝင်းမေတို့မှ ၁၉၈၁ ခုနှစ်၊ မတ်လ ၂၆ ရက်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ကြောင်း၊ ၂၀၀၃ ခုနှစ် တွင် ရတနာပုံတက္ကသိုလ်မှ အင်္ဂလိပ်စာအထူးပြုဘာသာရပ် ဖြင့် ဝိဇ္ဇာဘွဲ့(အင်္ဂလိပ်စာ)အား ရရှိခဲ့ပြီး အနုပညာ(အဆိုတော်)လုပ်ငန်းအား လုပ်ကိုင်ခဲ့ကြောင်း၊ ၂၀၀၇ ခုနှစ်တွင် တရားမဝင် အသင်းဖွဲ့စည်းမှု၊ တရားမဝင် ငွေကြေး ကိုင်ဆောင်မှုတို့ဖြင့် ထောင်ဒဏ် ခြောက်နှစ် ကျခံခဲ့ရ သော်လည်း ၂၀၁၁ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ် မြောက်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် NLD ပါတီသို့ ဝင်ရောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက် ပွဲတွင် နေပြည်တော်ကောင်စီ နယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဇမ္ဗူ သီရိမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်စိတ်ချရသူ တစ်ယောက် အနေဖြင့် တာဝန်ထမ်းဆောင် ကာ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တွင်း/ပြည်ပ ခရီးစဉ်များ၊ စည်းရုံးရေး လှုပ်ရှားမှုများတွင် အနီးကပ်လိုက်ပါခဲ့သည်။
တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော်သည် ၂၀၂၀ ပြည့် နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိဘဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ ရန်ကုန်မြို့အတွင်း အကြမ်းဖက် ဆူပူဆန္ဒပြမှုများ အား ဦးစီးဆောင်ရွက်ခဲ့သည်။
ထို့ပြင် ဧပြီလမှစ၍ အကြမ်း ဖက်အဖွဲ့အစည်းဖြစ်သော NUG မှ ရည်မွန်၊ ဇော်ဝေစိုး၊ လွင်ကို လတ်တို့နှင့် ချိတ်ဆက်၍ ရန်ကုန် တိုင်းတာဝန်ခံအဖြစ် ဆောင်ရွက် ပြီး အကြမ်းဖက်အဖွဲ့အစည်းများ ဖြစ်သော Special Tesk Force- STF နှင့် People Defence Force-PDF အဖွဲ့တို့အား ဦးစီးကာ အကြမ်းဖက် လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော် ၏ ထွက်ဆိုချက် အရ အစိုးရ၏ အုပ်ချုပ်မှုယန္တရား များ ပျက်ပြားစေရန်အတွက် တာဝန် ထမ်းဆောင်နေသော မြို့နယ်/ ရပ်ကွက်/ကျေးရွာ စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ နိုင်ငံ့ ဝန်ထမ်းများ၊ ပြည်ခိုင်ဖြိုးပါတီ ဝင်များ အပါအဝင် အခြား ဆန့်ကျင်ဘက် ပါတီဝင်များ၊ ၎င်းတို့၏ မိသားစုဝင်များအား လုပ်ကြံသတ်ဖြတ်ရန်နှင့် အပြစ်မဲ့ ပြည်သူလူထု ထိတ်လန့်ကြောက်ရွံ့ စေရန် ရည်ရွယ်၍ အများပြည်သူ နှင့် သက်ဆိုင်သောနေရာများ၊ အုပ်ချုပ်မှုဆိုင်ရာ အဆောက် အဦများ၊ စီးပွားရေးဆိုင်ရာ အဆောက်အဦများ အပါအဝင် ပညာသင်ကြားမှုများ ရပ်တန့်စေ ရန် ရည်ရွယ်၍ စာသင်ကျောင်း များကိုပါ ဖောက်ခွဲဖျက်ဆီးခြင်း များ ဆောင်ရွက်ရာတွင် လုပ်ကြံ သတ်ဖြတ်ရေး အဖွဲ့များအား Mission ဆောင်ရွက်မည့် တင်ပြ ချက်အပေါ် မူတည်၍ လက်နက်/ခဲယမ်းများ ထုတ်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော်၏ ထွက်ဆိုချက် အရ လက်နက်/ခဲယမ်းများ ထုတ်ပေး၍ အကြမ်းဖက် လုပ်ကြံ သတ်ဖြတ်မှု ကျူးလွန်ခဲ့မှုများအား ကနဦး ဖော်ထုတ်ရရှိမှုအနေဖြင့် ၁၅ ကြိမ်ရှိကြောင်း သိရှိရသည်။
ရပ်ကွက်စီမံအုပ်ချုပ်ရေး
အဖွဲ့မှူးအား သတ်ဖြတ်
- ၂၀၂၁ ခုနှစ် မေ ၁၈ ရက်တွင် လမ်းမတော်မြို့နယ် (၃)ရပ်ကွက် ရပ်ကွက်စီမံအုပ်ချုပ် ရေးအဖွဲ့မှူး ဦးမျိုးလွင်အား သတ်ဖြတ်ရန်အတွက် (STF) အဖွဲ့ဝင် ကိုဂျီ ထံ ပစ္စတို တစ်လက် ထုတ်ပေးခဲ့ရာ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးသို့ အကြမ်းဖက်အဖွဲ့ဝင် အချို့မှ လက်လုပ်ဗုံး နှစ်လုံး ဖြင့် ပစ်ခတ်ခဲ့မှုဖြစ်စဉ်အား စစ်ဆေးရန် ရပ်ကွက်စီမံ အုပ်ချုပ်ရေးအဖွဲ့မှူး ဦးမျိုးလွင် (၅၂)နှစ် သည် နေအိမ်တိုက်ခန်း မှ ရုံးသို့ထွက်လာစဉ် တိုက်ခန်း အောက် လှေကားအရောက်၌ စိစစ်ဆဲ လူတစ်စုမှ ပစ္စတို သေနတ်ဖြင့် ပစ်ခတ်ခဲ့သော ကြောင့် ဦးမျိုးလွင်တွင် ဦးခေါင်း တစ်ချက် ထိမှန် သေဆုံးခဲ့သည်။
- မေ ၁၉ ရက်တွင် စမ်းချောင်း မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးအား ဝင်ရောက်ပစ်ခတ် ရန်အတွက် (STF)အဖွဲ့ဝင် လင်းပိုင်ထံ ပစ္စတို နှစ်လက် အား ထုတ်ပေးခဲ့ရာ မေ ၂၁ ရက်တွင် စမ်းချောင်း မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးအား အကြမ်းဖက် အဖွဲ့ဝင် နှစ်ဦးမှ ပစ္စတိုသေနတ်၊ လက်ပစ်ဗုံးတို့ဖြင့် ပစ်ခတ်ခဲ့ ရာ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
- မေ ၁၉ ရက်တွင် သာကေတ မြို့နယ်ရှိ အပြစ်မဲ့ပြည်သူ တစ်ဦးအား ပစ်ခတ်ရန်အတွက် သာကေတမြို့နယ်၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ဝင် ကျော် သီဟ ထံ ပစ္စတို တစ်လက် ထုတ်ပေးခဲ့ရာ မေ ၂၇ ရက် တွင် အမှတ် (၃၄)၊ မာန်ပြေ(၂၀)လမ်း၊ ၃ မာန်ပြေရပ်ကွက်၊ သာကေတမြို့နယ်နေ အပြစ်မဲ့ ပြည်သူတစ်ဦးအား ၎င်း၏ နေအိမ်အရှေ့တွင် အကြမ်း ဖက်သူ ကျား နှစ်ဦးမှ သေနတ် ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
- မေ ၂၅ ရက်တွင် မရမ်းကုန်း မြို့နယ် (၃) ရပ်ကွက်ရှိ အပြစ်မဲ့ ပြည်သူ ဦးအောင်မင်းအား ပစ်ခတ်ရန်အတွက် (STF)အဖွဲ့ဝင် Sky ထံ ပစ္စတို တစ်လက် ထုတ်ပေးခဲ့ရာ ဇွန် ၁ ရက်တွင် ဦးအောင်မင်းအား MCC ခန်းမရှေ့ ၌ အငှားယာဉ် တစ်စီးပေါ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။
- ဇွန် ၃ ရက်တွင် ဒေါပုံမြို့နယ် ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးထွန်းရီအား ပစ်ခတ် ရန်အတွက် ဒေါပုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် နှစ်ဦးထံ ပစ္စတို တစ်လက် ထုတ်ပေးခဲ့ရာ ဦးထွန်းရီ သည် ဒေါပုံမြို့နယ်မှ သန်လျင် မြို့နယ်သို့ မော်တော်ယာဉ် ဖြင့် ထွက်ခွာလာစဉ် မင်းနန္ဒာ လမ်းနှင့် ရွှေးဖူးမျှော်လမ်းထိပ် အရောက် အကြမ်းဖက် သမား သုံးဦးမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
- ဇွန် ၄ ရက်တွင် သာကေတ မြို့နယ် ၃ မာန်ပြေရပ်ကွက် ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်ရန်အတွက် (STF) အဖွဲ့ဝင် ကြွက် ထံ ပစ္စတို တစ်လက် ထုတ်ပေးခဲ့ရာ ဇွန် ၇ ရက်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော တပ်ဖွဲ့ ဝင်များအား အဖြူရောင် မော်တော်ယာဉ်ပေါ်မှ အကြမ်း ဖက်သမား လေးဦးမှ ပစ်ခတ်ခဲ့ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။
- ဇူလိုင် ၁၁ ရက်တွင် မရမ်း ကုန်းမြို့နယ် ဘုရင့်နောင် (၂)ရပ်ကွက်ရှိ “လှသီတာ” ရွှေဆိုင်အား ဓားပြတိုက်ရန် အတွက် STF အဖွဲ့မှ ထူးထူး အား ပစ္စတို တစ်လက် ငှားရမ်း ပေးခဲ့သည့် ဖြစ်စဉ်တွင် တရားခံ ဝေယံ(ခ) အသေးလေး အား Glock အမျိုးအစား ပစ္စတို တစ်လက်၊ ကျည်အိမ် တစ်ခု၊ ကျည် ရှစ်တောင့်တို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
- ဇူလိုင်လ စတုတ္ထပတ်တွင် ဒဂုံ မြို့သစ်(မြောက်ပိုင်း)မြို့နယ် ၃၅ ရပ်ကွက်ရှိ အပြစ်မဲ့ပြည်သူ တစ်ဦးအား ပစ်ခတ်ရန်အတွက် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင် တစ်ဦးထံ ပစ္စတို တစ်လက် ထုတ်ပေးခဲ့ရာ ဩဂုတ် ၅ ရက်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အမှတ် (၃၅)ရပ်ကွက် တပင်ရွှေထီး လမ်း အမှတ်(၅၀) မြိုင်မဟာ လက်ဖက်ရည်ဆိုင်သို့ အကြမ်း ဖက်သမား နှစ်ဦးမှ လက်နက် ငယ်နှင့် လက်ပစ်ဗုံးတို့ဖြင့် ပစ်ခတ် ထွက်ပြေးသွားခဲ့ရာ အပြစ်မဲ့ပြည်သူအချို့ ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
- ဩဂုတ် ၁၇ ရက်တွင် ဒဂုံ မြို့သစ် (တောင်ပိုင်း)မြို့နယ် ၅၇ ရပ်ကွက် ရပ်ကွက်စီမံ အုပ်ချုပ် ရေးအဖွဲ့ရုံးမှ အဖွဲ့ဝင် တစ်ဦးအား ပစ်ခတ်ရန်အတွက် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင် တစ်ဦးထံ ပစ္စတို တစ်လက် ထုတ်ပေးခဲ့ရာ မိုးကာဝတ်ထားသည့် အကြမ်း ဖက်သမား လေးဦးမှ လက်နက် ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
- ဩဂုတ်လ တတိယပတ်တွင် လှိုင်သာယာမြို့နယ် ဘုရင့် နောင်တံတားအဆင်း လုံခြုံ ရေး ရဲကင်းအား ပစ်ခတ်ရန် အတွက် (STF) အဖွဲ့ဝင် တစ်ဦးထံ ပစ္စတို နှစ်လက် ထုတ်ပေးခဲ့ရာ ဩဂုတ် ၂၂ ရက် တွင် လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတား အဆင်း တွင် လုံခြုံရေးတာဝန် ထမ်း ဆောင်နေသော တပ်ဖွဲ့ဝင်များ အား ယာဉ်ပေါ်မှ လက်နက် ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ လုံခြုံ ရေး တပ်ဖွဲ့ဝင်အချို့ ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအား
အကြမ်းဖက်သမားများပစ်ခတ်
- စက်တင်ဘာ ၉ ရက်တွင် စမ်းချောင်းမြို့နယ် လှည့်ကင်း ဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား ပစ်ခတ်ရန် အတွက် Revolution Force အဖွဲ့ဝင်တစ်ဦးထံ လက်နက် ငယ်များ ထုတ်ပေးခဲ့ရာ စမ်းချောင်းမြို့နယ် သံတံတား ရပ်ကွက်တွင် လှည့်ကင်း ဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား အကြမ်း ဖက်သမားများမှ ယာဉ် နောက်ခန်းအတွင်း လက်ပစ်ဗုံး ဖြင့် ပစ်ခတ်၍ လက်နက် ငယ်ဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင် အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့သော တရားခံ ကျော်စိုးလင်းနှင့် ဝေယံပိုင် အပါ ကျား ၁၆ ဦး၊ မ နှစ်ဦး၊ ပေါင်း ၁၈ ဦးနှင့်အတူ လက်နက် ငယ်မျိုးစုံ ငါးလက်၊ ကျည်အိမ် မျိုးစုံ ငါးခု၊ ကျည်မျိုးစုံ ၁၆၆ တောင့်၊ လက်ပစ်ဗုံးမျိုးစုံ လေးလုံး၊ လက်လုပ်ဗုံး အလုံး ၃၀၊ ဒရုန်း တစ်ခုနှင့် ဆက်စပ် ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ သည်။
- အောက်တိုဘာလ ဒုတိယ ပတ်တွင် ဗားကရာလမ်းနှင့် အောက်ကြည့်မြင်တိုင် လမ်း ထောင့်ရှိ ယာဉ်ထိန်းရဲကင်းရုံ အား ပစ်ခတ်ရန်အတွက် (STF)အဖွဲ့ဝင် S-21 ထံ လက်နက် ငယ်များ ထုတ်ပေးခဲ့ရာ အောက်တိုဘာ ၂၃ ရက် တွင် ကြည့်မြင်တိုင်မြို့နယ် ဗားကရာမီးပွိုင့် ယာဉ်ထိန်းရုံး၌ လုံခြုံရေးတာဝန် ထမ်းဆောင် နေသော တပ်ဖွဲ့ဝင်များအား အကြမ်းဖက်သမားများသည် မော်တော်ယာဉ် တစ်စီးပေါ်မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ သဖြင့် အပြန်အလှန် ပစ်ခတ် မှု ဖြစ်ပွားခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး တရားခံ အောင်ပိုင်ဖြိုး၊ ဆွေလင်းအောင်၊ စောဂယ်လ် ဇင်ထူး၊ ဟိန်းထက်အောင်တို့ လေးဦးအား လက်နက်ငယ် မျိုးစုံ ရှစ်လက်၊ ကျည်အိမ်မျိုးစုံ ၃၅ ခု၊ ကျည်မျိုးစုံ အတောင့် ၁၂၂၀၊ ၄၀ မမ ဗုံးသီး ၁၂ လုံး၊ ရှေ့ထွက်မိုင်း လေးလုံး၊ မီးခိုးဗုံး ငါးလုံး၊ ရှို့ပစ် နှစ်လုံး၊ ယမ်းမှုန့် (မီးခိုးရောင်) ခုနစ်ထုပ်၊ မှန်ပြောင်း တစ်ခုတို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
- အောက်တိုဘာ ၂၃ ရက် တွင် ဗိုလ်တထောင်မြို့နယ် ဈေးလမ်းမီးပွိုင့်အနီး ယာဉ် ထိန်း ရဲကင်းရုံအား ပစ်ခတ်ရန် အတွက် (STF)အဖွဲ့ဝင် နှစ်ဦး ထံ ပစ္စတိုလေးလက် ထုတ်ပေး ခဲ့ရာ ဗိုလ်တထောင်မြို့နယ် (၃)ရပ်ကွက်ရှိ ယာဉ်ထိန်းရုံး မီးပွိုင့်၌ လုံခြုံရေး တာဝန် ထမ်းဆောင်နေသော တပ်ဖွဲ့ ဝင်များအား အကြမ်းဖက် သမားလေးဦးမှ လက်နက်ငယ် ဖြင့် ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
- အောက်တိုဘာလ တတိယ ပတ်တွင် ဒေါပုံမြို့နယ် ရဲစခန်း နှင့် လှိုင်မြို့နယ် ရဲစခန်းတို့ အား ပစ်ခတ်ရန်အတွက် UG အဖွဲ့ဝင် 44-ST ထံ M-79 ဗုံးပစ်လောင်ချာ နှစ်လက်၊ ဗုံးသီး ခုနစ်လုံး ထုတ်ပေးခဲ့ရာ အောက်တိုဘာ ၂၇ ရက် တွင် အကြမ်းဖက်သမားများ မှ ဒေါပုံရဲစခန်းအား ဒေါပုံ သင်္ဘောကျင်းအနီးမှ လည်း ကောင်း၊ အောက်တိုဘာ ၃၁ ရက်တွင် လှိုင်ရဲစခန်းအား လည်းကောင်း M-79 ဗုံးပစ် လောင်ချာဖြင့် ပစ်ခတ်ခဲ့ရာ တရားခံ ကျား ၁၁ ဦး၊ မ နှစ်ဦး၊ ပေါင်း ၁၃ ဦးအား FCG 9 သေနတ် ခြောက်လက်၊ ပွိုင့်-၄၅ COLT’s ပစ္စတို သေနတ် တစ်လက်၊ ၉ မမ ကျည် ၁၂ တောင့်၊ ပွိုင့် ၄၅ ကျည် ငါးတောင့်၊ ပွိုင့် ၃၈ ကျည် အတောင့် ၂၀၊ FCG 9 ကျည်အိမ် ရှစ်ခု၊ ပစ္စတို ကျည်အိမ်တစ်ခု၊ လက်လုပ်ဗုံး နှစ်လုံးတို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
- နိုဝင်ဘာ ၄ ရက်တွင် မရမ်း ကုန်းမြို့နယ်ရှိ Mytel GM ဦးသိန်းအောင်အား ပစ်ခတ်ရန် အတွက် (YFA) အဖွဲ့ဝင် တစ်ဦး ထံ ပစ္စတို တစ်လက် ငှားရမ်း ပေးခဲ့ကြောင်းနှင့် ပစ်ခတ်မှု ဖြစ်စဉ်တွင် တရားခံ စစ်ဇော်ကံ (ခ) ဟန်သာထွန်းနှင့် ဗညား စိုးထက်(ခ) လီယို၊ ဖြိုးအိ ကျော်နှင့် စိုင်းစည်သူတို့ လေးဦးအား ဖမ်းဆီးရမိခဲ့ သည်။
ထွက်ပြေးတိမ်းရှောင် တရားခံများအား ဖမ်းမိရေး
အထက်ပါ တရားခံ မောင် ကျော် (ခ) ဖြိုးဇေယျာသော်ထံမှ လက်နက်/ခဲယမ်းများ ရယူ၍ အကြမ်းဖက်မှု ကျူးလွန်ခဲ့သော ဖြစ်စဉ်များတွင် တာဝန်ရှိ လုံခြုံ ရေးအဖွဲ့များနှင့် တာဝန်သိ ပြည်သူလူထု၏ ပူးပေါင်းဖော် ထုတ်မှုကြောင့် တရားခံ ကျား ၃၄ ဦး၊ မ ၅ ဦး ပေါင်း ၃၉ ဦးတို့အား လက်နက်ငယ် မျိုးစုံ ၂၁ လက်၊ ကျည်အိမ်မျိုးစုံ ၅၀၊ ကျည်မျိုးစုံ ၁၄၆၅ တောင့်၊ ၄၀ မမ ဗုံးသီး ၁၂ လုံး၊ လက်ပစ်ဗုံးမျိုးစုံ လေးလုံး၊ လက်လုပ်ဗုံး ၃၂ လုံး၊ ရှေ့ထွက်မိုင်း လေးလုံး၊ မီးခိုးဗုံး ငါးလုံး၊ ရှို့ပစ် နှစ်လုံး၊ ယမ်းမှုန့် (မီးခိုရောင်) ခုနစ်ထုပ်၊ မှန်ပြောင်း တစ်ခု၊ ဒရုန်းတစ်ခုတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး ထွက်ပြေးတိမ်းရှောင် လျက်ရှိသော တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင် ရွက်လျက်ရှိသည်။
အဆိုပါ ဖမ်းဆီးရမိတရားခံ NLD ပါတီဝင် မောင်ကျော်(ခ)ဖြိုးဇေယျာသော်၏ အကြမ်းဖက် ဆောင်ရွက်မှုများအား ဆက်လက် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
သတင်းစဉ်