
နေပြည်တော် နိုဝင်ဘာ ၂၂
တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်း များနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်အရှေ့ရပ်ကွက်ရှိ သာသနာ့တံခွန်ကျောင်းတိုက်၊ သန်လျင်မြို့နယ် လက်ယက်စမ်း ကျေးရွာရှိ မုဒိတာမော်ကွန်းကျောင်း တိုက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရတနာပုံကျောင်းတိုက်၊ ဓမ္မဝိဟာရကျောင်းတိုက်၊ ကန်ကြီးထောင့်မြို့ရှိ သာသနာ့နွယ် သိင်္ဂီ သီလရှင်ပရိယတ္တိစာသင်တိုက်နှင့် မန္တလေးတိုင်းဒေသကြီး ပါဠိ တက္ကသိုလ်၊ ရွှေဂူတိုက်၊ သစ္စာပါဒီကျောင်းတို့ရှိ ဆရာတော်၊ သံဃာတော် များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင် ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်