ပြည်​ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ​ ဦးမျိုးတင့်  (၂၂) ကြိမ်မြောက်  တရားသူကြီးချုပ်များ အပြည်ပြည်ဆိုင်ရာညီလာခံသို့ တက်ရောက်

 

 

နေပြည်တော် နိုဝင်ဘာ ၂၂
ပြည်ထောင်စုတရား  လွှတ်တော် ချုပ် တရားသူကြီး ဦးမျိုးတင့်သည် နိုဝင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ ပြုလုပ်သည့််  (၂၂)  ကြိမ်မြောက် တရားသူကြီးချုပ်များ   အပြည် ပြည်ဆိုင်ရာညီလာခံ  (WEBINAR of  the  22nd  International Conference of Chief Justice of the World) သို့   ပြည်ထောင်စု တရားလွှတ်တော်ချုပ်  နေပြည် တော်မှ  ပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါ ညီလာခံကို အိန္ဒိယ နိုင်ငံ   Lucknow   မြို့ရှိ   City Montessori School (CMS) Society က ကြီးမှူးကျင်းပခြင်းဖြစ် ပြီး နိုင်ငံတကာမှ တရားသူကြီး ချုပ်များ၊ တရားသူကြီးများ၊ နိုင်ငံ ခေါင်းဆောင်များ  တက်​ရောက်ခဲ့ ကြသည်။
အဓိကဆွေးနွေး
ယခုနှစ်တွင်    ကျင်းပသည့် ညီလာခံကို “Global Governance for a Sustainable World Order” ​ခေါင်းစဉ်ဖြင့် ပြုလုပ်ပြီး ညီလာခံ တွင်  နိုင်ငံတကာအကြမ်းဖက်မှု များ၊ တရားဥပ​ဒေမဲ့ ကိစ္စရပ်များ နှင့် ကမ္ဘာလုံးဆိုင်ရာပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများသည် လူသား များအ​ပေါ်  ခြိမ်းခြောက်မှုများဖြစ် ပေါ်လျက်ရှိသဖြင့်    နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများ   ချမှတ် ဆောင်ရွက်ရန်၊  ကမ္ဘာလုံးဆိုင်ရာပေါင်းစည်းမှုနှင့်   ငြိမ်းချမ်းမှုကို ဖြစ်ပေါ်​စေ​သော   ပတ်ဝန်းကျင် ဆောင်ရွက်ဖန်တီးရန်နှင့်  လူသား မျိုးနွယ်စုအတွက်  လုံခြုံစိတ်ချရ သည့်   အနာဂတ်​ဖော်​ဆောင်ရန် တို့ကို အဓိကဆွေးနွေးခဲ့ကြသည်။
ပါဝင်ဆွေးနွေး 
ညီလာခံ တတိယနေ့ဖြစ်သည့် နိုဝင်ဘာ ၂၁ ရက်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်     တရားသူ ကြီး  ဦးမျိုးတင့်သည် “Climate Change   and   Sustainable Development in Myanmar: the Role of the Judiciary” ခေါင်းစဉ် ဖြင့်် ပါဝင်ဆွေးနွေးခဲ့သည်။
ဗီဒီယိုကွန်ဖရင့်                စနစ်ဖြင့် ​ လေးရက်တာ    ကျင်းပပြုလုပ်ခဲ့ သည့်   အဆိုပါ    ညီလာခံသို့ ပြည်ထောင်စု  တရားလွှတ်တော် ချုပ်  တရားသူကြီး  ဦးမျိုးတင့်နှင့် အတူ      ပြည်ထောင်စုတရား  လွှတ်တော်ချုပ်ရုံး၊       အပြည်ပြည် ဆိုင်ရာ          ဆက်ဆံရေးနှင့်  သုတေသနဌာန ညွှန်ကြားရေးမှူး ဒေါ်မာလာမော် ပါဝင်တက်ရောက် ခဲ့သည်။                      သတင်းစဉ်