ယခုအလုပ်ရုံဆွေးနွေးပွဲမှရရှိသည့် အသိပညာနှင့် အရည်အသွေးစီမံခန့်ခွဲမှုစနစ်ကိုအခြေခံပြီး မိမိတို့၏ စက်ရုံ/အလုပ်ရုံ၊  ရုံးဌာနများတွင် အရည်အသွေး စီမံခန့်ခွဲမှုစနစ်များကို  ထူထောင်၍ လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်

 

 

နေပြည်တော်  နိုဝင်ဘာ ၂၂
စက်မှုဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့်  အဖွဲ့အစည်းများ၏ အရည် အသွေးစီမံခန့်ခွဲမှုသင်တန်းကို ယနေ့ မွန်းလွဲပိုင်းတွင် virtual  စနစ်ဖြင့် ကျင်းပသည်။
အလေးထားဆောင်ရွက်
ရှေးဦးစွာ    စက်မှုဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်းက နိုင်ငံတော် ဝန်ကြီး ချုပ်က  “သံ၊ သံမဏိ၊ ဘိလပ်မြေ၊ ချည်ထည်၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်းများကို  ပြည်တွင်း၌ အရည်အသွေး ပြည့်မီပြီး    အဆင့်အတန်းမီထုတ်လုပ်၍   ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးနိုင်ရေးဆောင်ရွက်ရန် နှင့် စက်ရုံများအား အစိုးရ-ပုဂ္ဂလိက   ပူးပေါင်းဆောင် ရွက်မှု (PPP) ဖြင့် အောင်မြင်အောင်  ဆောင်ရွက်ရန်” လမ်းညွှန်ထားကြောင်း၊ ထို့ကြောင့်   အရည်အသွေး ရှိသော   ကုန်ပစ္စည်းများ   ထုတ်လုပ်နိုင်ရေးအတွက် အရည်အသွေးရှိသော   စီမံခန့်ခွဲမှုစနစ်ရှိမှသာ အရည် အသွေးရှိသော  စက်ရုံ/အလုပ်ရုံ၊ ရုံးဌာနများ ဖြစ်မည် ဖြစ်ကြောင်း၊  အရည်အသွေးပြည့်ဝပြီး အာမခံရှိသော စက်ရုံ/အလုပ်ရုံ၊    ရုံးဌာနများ  ဖြစ်စေရေးအတွက် Quality Management–Quality of an Organization  ရှိရန် လိုကြောင်း၊ စက်ရုံ/ အလုပ်ရုံများတွင် လုပ်ငန်း ခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်    ဝန်ထမ်းများ၏ လုပ်ငန်းခွင် ကျန်းမာရေး ထိခိုက်မှုမရှိစေရေးအတွက် လည်း အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း။
နိုင်ငံတော်၏စီးပွားရေးရည်မှန်းချက်များ ပြည့်မီ ရေးအတွက် ကုန်သွယ်စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့် စံချိန် စံညွှန်းများ၏    အရေးကြီးမှုကို    ပိုမိုသိရှိနားလည် အသုံးပြုကြရန်နှင့်   စီးပွားရေးလုပ်ငန်းများ၊   စက်မှု ကုန်ထုတ်လုပ်ငန်းများ၊  စားသုံးသူများ၏ လိုအပ်ချက် များကို စံချိန်စံညွှန်းကဏ္ဍက  အကူအညီပေးခြင်းဖြင့် မြှင့်တင်ဆောင်ရွက်နိုင်ရန်     သက်ဆိုင်ရာကဏ္ဍ အလိုက်    အစိုးရ၊    ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး   အမျိုးသားအရည် အသွေးဆိုင်ရာ    အခြေခံအဆောက်အအုံ    ခိုင်မာ အားကောင်းလာစေရန်   ဥပဒေများ    ပြဋ္ဌာန်းခြင်း၊ မူဝါဒများချမှတ်ခြင်းဖြင့်    အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊     စံချိန်စံညွှန်းသည် အသွင်ကူးပြောင်းရေးကာလတွင်   အရေးကြီးသည့် ကဏ္ဍမှပါဝင်နေပြီး စံချိန်စံညွှန်းများမရှိဘဲ ပြောင်းလဲ မှုများကို အရှိန်အဟုန်မြှင့်တင်၍    ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း၊    စံချန်စံညွှန်း   ချမှတ်ခြင်းအတွက် အမျိုးသားစံချိန်စံညွှန်းကောင်စီ၏       ကြီးကြပ် လမ်းညွှန်မှုဖြင့်   သက်ဆိုင်ရာကဏ္ဍအလိုက်   နည်း ပညာ   ဆပ်ကော်မတီ  ၂၅ ခုကို  ဖွဲ့စည်းပြီး မြန်မာ စံချိန်စံညွှန်း  ၄၃၉ ခုကို ချမှတ်ခဲ့ပြီးဖြစ်ကြောင်း။
သိရှိနားလည်နိုင်ရန် အရေးကြီး
စက်မှုဝန်ကြီးဌာနအနေဖြင့်  နည်းပညာ   ဆပ် ကော်မတီ  ၇ ခုကို   တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ချမှတ်ပြီးဖြစ်သည့် မြန်မာစံချိန်စံညွှန်း ၄၃၉ ခုအနက် စံချိန်စံညွှန်း အခု ၂၅၀ ကို  အပြည်ပြည်ဆိုင်ရာ စံချိန် စံညွှန်းများကို     ကိုးကား၍     ချမှတ်ပေးနိုင်ခဲ့ပြီးဖြစ် ကြောင်း၊      ထို့ကြောင့်    စံချိန်စံညွှန်းများကို အသုံးချ ရန်နှင့်      စံချိန်စံညွှန်းပါ    ဖော်ပြချက်များကို   သိရှိ နားလည်နိုင်ရန်     အရေးကြီးကြောင်း၊    ယနေ့ကျင်းပ ပြုလုပ်သည့်     သင်တန်းမှမျှဝေမှုများကို    စနစ်တကျ လိုက်ပါ   အကောင်အထည်ဖော်နိုင်ခြင်းဖြင့်   ISO 9004:2018 ပါ ဖော်ပြချက်များကို သိရှိလိုက်နာနိုင်ပြီး Quality Management System အရ   အဖွဲ့အစည်း တစ်ခု၏ အရည်အသွေး (Quality of an organization)၊  စဉ်ဆက်မပြတ် အောင်မြင်မှု  (Sustained Success) ရရှိစေရန်အတွက် သတ်မှတ်ချက်များ၊ လမ်းညွှန်ချက် များကို နားလည်သဘောပေါက်မည်ဟု ယုံကြည်ပါ ကြောင်း။
 စီမံခန့်ခွဲမှုစနစ်များကို ထူထောင်
သင်တန်းသားများအနေဖြင့် သင်တန်းမှ   ပို့ချ ချက်များကို လေးလေးနက်နက် လေ့လာမှတ်သားပြီး မိမိတို့ဌာန၏    အရည်အသွေးကို      စဉ်ဆက်မပြတ် အောင်မြင်အောင် ပြန်လည်အသုံးချကြရန်နှင့် စက်မှု ဝန်ကြီးဌာနမှ   စက်ရုံမှူးများနှင့်   တိုင်းဒေသကြီး/ပြည်နယ် ဦးစီးဌာနမှူးများအနေဖြင့်  ယခုအလုပ်ရုံဆွေးနွေးပွဲမှရရှိသည့်   အသိပညာနှင့်   အရည်အသွေး စီမံခန့်ခွဲမှု စနစ်ကိုအခြေခံပြီး မိမိတို့၏ စက်ရုံ/အလုပ် ရုံ၊ ရုံးဌာနများတွင်   အရည်အသွေး    စီမံခန့်ခွဲမှုစနစ် များကို  ထူထောင်၍ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားရန် ပြောကြားသည်။ 
ဆက်လက်၍   သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်    တီထွင်ဆန်းသစ်မှု      ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က   အရည်အသွေးစီမံခန့်ခွဲမှု သင်တန်းဖွင့်လှစ်ရခြင်းနှင့်   ပတ်သက်၍   ရှင်းလင်း တင်ပြသည်။   အဆိုပါသင်တန်းတွင်   သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန၊ အမျိုးသားစံချိန်စံညွှန်းနှင့်  အရည် အသွေးဌာနမှ နည်းပြဆရာမများက အရည်အသွေးစီမံ ခန့်ခွဲမှုနှင့်ပတ်သက်သည့်     ဘာသာရပ်များအား ငါးရက်ကြာ    ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း      သိရ သည်။                                 သတင်းစဉ်