
လန်ဒန် နိုဝင်ဘာ ၂၁
ဗြိတိန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၀၉၄၁ ဦး ထပ်မံတွေ့ရှိ ခြင်းကြောင့် နိုင်ငံတစ်ဝန်း ကူးစက်ခံရသူပေါင်း ၉၈၀၆၀၃၄ ဦးရှိလာကြောင်း ယနေ့ သတင်းများအရ သိရသည်။
ထို့ပြင် ဗြိတိန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၅၀ ထပ်မံ တွေ့ရှိရာ လက်ရှိတွင် သေဆုံးသူပေါင်း ၁၄၃၈၆၆ ဦးရှိပြီး ဆေးရုံများတွင် ဆေးဝါးကုသမှုခံယူလျက် ရှိသည့် ကိုဗစ်-၁၉ လူနာ ၈၀၇၉ ဦးရှိကြောင်း သိရ သည်။
ဗြိတိန်နိုင်ငံ၌ အသက် ၁၂ နှစ်နှင့်အထက် အသက်အရွယ်ရှိသူအားလုံး၏ ၈၀ ရာခိုင်နှုန်းကျော် သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီး ၈၈ ရာခိုင် နှုန်းကျော်မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ် ကြောင်း သိရသည်။
လက်ရှိတွင် ဗြိတိန်နိုင်ငံ၌ အသက် ၁၂ နှစ်နှင့် အထက် အသက်အရွယ်ရှိသူအားလုံး၏ ၂၅ ရာခိုင်နှုန်း ကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယ အကြိမ် အပိုဆောင်းထိုးနှံမှုခံယူပြီးဖြစ်ကြောင်း လည်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်