
အန်ကာရာ နိုဝင်ဘာ ၂၁
တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူပြီးသူ စုစုပေါင်း သန်း ၅၀ ကျော် ရှိကြောင်း တူရကီကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့တွင် အတည်ပြုပြောကြားသည်။
တူရကီနိုင်ငံသည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန် တူရကီကျန်းမာရေး အာဏာပိုင်များက အတည်ပြုပေးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို ဇန်နဝါရီ ၁၄ ရက်တွင် စတင်ခဲ့သည်။
လက်ရှိတွင် တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးသူ စုစုပေါင်း ၅၆ သန်းကျော်ရှိပြီး ကာကွယ်ဆေးအလုံးရေ စုစုပေါင်း ၁၁၉ ဒသမ ၂၇ သန်းကျော် အသုံးပြုပြီးဖြစ် ကြောင်း သိရသည်။
တူရကီနိုင်ငံသည် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်တက်ခြင်းနှင့် ရင်ဆိုင်နေရပြီး လွန်ခဲ့ သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ ၂၃၃၄၇ ဦးရှိပြီး နိုင်ငံတစ်ဝန်း၌ ကူးစက် ခံရသူပေါင်း ၈၅၅၀၃၇၇ ဦးရှိလာကြောင်း တူရကီ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ထို့ပြင် တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ ၂၀၁ ဦး ထပ်မံ တွေ့ရှိသဖြင့် သေဆုံးသူ စုစုပေါင်း ၇၄၈၄၇ ဦး ရှိလာ ကြောင်းနှင့် လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၂၉၁၆၃ ဦးရှိ ကြောင်း သိရသည်။
ကိုကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်