ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်းများနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်  နိုဝင်ဘာ  ၂၁


ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး  တောင်ငူခရိုင်  လမ်းဦးစီးဌာနမှ ဆောင်ရွက်သော ဖြူး - အုတ်ဖြတ် - မုန်းလမ်း ပြုပြင် ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန် ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တောင်းမြစ်ကူးတံတား   (အုတ်ဖြတ်)  တည် ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိပြီး တံတားကြီး ၏ ကွန်ကရစ်ကြမ်းခင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး မှု၊ တံတားလက်ရန်းများဆောင်ရွက်နေမှု၊ တံတား၏  Up Stream နှင့် Down Stream ရေလမ်းကြောင်း အခြေအနေ၊ စက်ယန္တရားများဖြင့် တံတားချဉ်းကပ် လမ်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ 


တံတားအရှည် ပေ ၆၂၀


စစ်တောင်းမြစ်ကူးတံတား(အုတ်ဖြတ်)သည် ပဲခူး တိုင်းဒေသကြီး တောင်ငူခရိုင် ဖြူး-အုတ်ဖြတ် - မုန်း လမ်းပေါ်တွင်တည်ရှိပြီး   စုစုပေါင်းတံတားအရှည် ပေ ၆၂၀၊ ယာဉ်သွားလမ်းအကျယ် ၈ ဒသမ ၅၃ မီတာ၊ တံတားကိုယ်ထည် သံကူကွန်ကရစ်အပေါ်ထည် ပေ ၆၀ RC Girder   နှင့်  ပေ ၁၀၀ PC Girder ၊ RC Slab  နှင့် Hand Rail  တို့ဖြင့် တည်ဆောက်ထားပြီး တံတား၏ခံနိုင်ဝန်မှာ HS-25  ဖြစ်သည်။ 


ထို့နောက်  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ပဲခူးတိုင်းဒေသကြီး  ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန  ညွှန်ကြားရေးမှူး (မြို့ပြ)က ရန်ကုန်- ပဲခူး - တောင်ငူ - မန္တလေး ပြည်ထောင်စုလမ်းမကြီးနှင့် ချိတ်ဆက်သည့် လေးအိမ်စု - မယင်း - ရွာဟောင်း လမ်း ကွန်ကရစ်ခင်းပြီးစီးမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။


မှာကြား


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူး - သနပ္ပင် - ခရမ်း - သုံးခွ - သန်လျင်လမ်း ပြုပြင် ထိန်းသိမ်းထားရှိမှုကိုလည်းကောင်း၊ တံတားဦးစီး ဌာန တံတားအထူးအဖွဲ့(၉)မှ အဆိုပါလမ်းပေါ်ရှိ အရှည်ပေ ၁၅၀ မုဒုတံတားသစ်နှင့် အရှည် ပေ ၁၂၀ သက္ကလတံတားသစ် တည်ဆောက်ရေးအတွက် အကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်နေမှု ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး  လမ်းဦးစီး ဌာနမှ ပဲခူး - သနပ္ပင် - ခရမ်း - သုံးခွ - သန်လျင် လမ်း (ရန်ကုန်တိုင်းဒေသကြီးအပိုင်း) အား ယခင် ၁၂ ပေ လမ်းအဆင့်မှ ၁၈ ပေ အကျယ် ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး  တာဝန်ရှိသူများအား  လုပ်ငန်း လိုအပ်ချက်များ မှာကြားသည်။


ရှင်းလင်းတင်ပြ


ညနေပိုင်းတွင်း ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ရန်ကုန်တိုင်းဒေသကြီး  ဒဂုံဆိပ်ကမ်းမြို့နယ် တွင်  အဆောက်အဦဦးစီးဌာန  အဆောက်အဦအထူး အဖွဲ့(၁)မှ ငါးထပ် ပြည်သူ့ဆေးရုံနှင့် Oncology Unit  ရှစ်ထပ်အဆောက်အုံဆောက်လုပ်ခြင်း  လုပ်ငန်းခွင် သို့ရောက်ရှိရာ အဆောက်အဦဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့က     တည်ဆောက်ရေးလုပ်ငန်း များအား        ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့်    ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို     ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်း များ အရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မီရေး၊ လက်ရာ သေသပ်ကောင်းမွန်ရေး၊ လုပ်ငန်းများအချိန်မီပြီးစီး ရေး အထူးအလေးထား ဆောင်ရွက်ရန်မှာကြားပြီး အဆောက်အအုံတည်ဆောက်ရေး      လုပ်ငန်းခွင် အတွင်း      လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။                                  

    သတင်းစဉ်