
ရန်ကုန် နိုဝင်ဘာ ၂၁
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ငွေ့တော်လှုံ အပူဇော်ခံလျက်ရှိကြကုန်သော ဉာဏ်တော် ခြောက် ပေရှိ မဟာကရုဏမုဒြာဗုဒ္ဓရုပ်ပွားတော် သုံးဆူအား ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာ အခမ်းအနား ကို ယနေ့ နံနက်က လေးဆူဓာတ်ပုံရွှေတိဂုံစေတီ မြတ်ကြီး အရှေ့ဘက်ယာဉ်ရပ်နားဝင်း၌ ကျင်းပသည်။
ရှေးဦးစွာ သာကေတမြို့နယ် တိပိဋကာလင်္ကာရ ကျောင်း ဦးစီးပဓာနနာယက ရန်ကုန်တိုင်းဒေသ ကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာ ပဏ္ဏိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ အဂ္ဂသာမိ အရှင်သူမြတ်အမှူးပြုသော ပင့်သံဃာ ကိုးပါးတို့က ဗုဒ္ဓါဘိသေက အနေကဇာတင်ကြသည်။ ယင်းနောက် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါး သီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော် များ နာယူကြည်ညိုကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ထံမှ အနုမောဒနာတရားနာယူ ကာ ရေစက်သွန်းချအမျှပေးဝေကြသည်။
ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး သုံးဆူအနက် တစ်ဆူ မှာ ဗိုလ်တထောင်စေတီတော်မြတ်တွင် ကိန်းဝပ် စံပယ်ပူဇော်ခံမည်ဖြစ်ပြီး နှစ်ဆူမှာ မကွေးတိုင်း ဒေသကြီးအတွင်း၌ တည်ထားကိုးကွယ် ပူဇော်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးသုံးဆူကို သင်္ဃန်းကျွန်းမြို့နယ် မေခအိမ်ရာနေ မိခင်ကြီး ဒေါ်သန်းသန်းမြင့်အား အမှူးထား၍ ဒေါ်လွင်လွင်အောင် MA LWIN GROUP Co . , Ltd သမီး ဒေါက်တာခင်သီရိခေတ်၊ သား မောင်အောင် ကျော်ဇေယျာ မိသားစုတို့က လှူဒါန်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန် /ဆက်)