ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကိုဗစ်စင်တာများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

 

နေပြည်တော်    နိုဝင်ဘာ    ၂၁    


ကိုဗစ်-၁၉     ရောဂါ   အတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့် ရမည့်သူများ   ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ်        နယ်မြေ အသီးသီးရှိ  တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်း များ၊ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေး       စောင့်ရှောက်မှု လုပ်ငန်းများ   ဆောင်ရွက်ပေး လျက်ရှိသည်။ 

 


ထိုသို့လက်ခံဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့ည  ၇ နာရီအထိ နေပြည်တော်    စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌       သီးသန့် စောင့်ကြည့်ရမည့်သူ အမျိုးသား ၉၅   ဦးနှင့်   အမျိုးသမီး  ၈၃  ဦး စုစုပေါင်း ၁၇၈ ဦးတို့ကို လက်ခံ ထားရှိကြောင်း သိရသည်။

 


အဆိုပါ စောင့်ကြည့်လူနာများ နှင့်   ဓာတ်ခွဲအတည်ပြု   ပိုးတွေ့ လူနာများ၏ နေထိုင်စားသောက် ရေးနှင့် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို      သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ ဆေးကုသရေး         အဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင် ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။ 


သတင်းစဉ်