
မြဝတီ နိုဝင်ဘာ ၂၁
ကရင်ပြည်နယ် မြဝတီမြို့ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာနတွင် (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
အဆိုပါ စာအုပ်စာစောင် ပြပွဲသို့ မြဝတီမြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများ၊ စာပေဝါသနာရှင်များ လာရောက် ကြည့်ရှုအားပေးပြီး မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များက စာအုပ်အမျိုးအစားနှင့် စာပေဆိုင်ရာများကို ရှင်းလင်း ပြောကြားသည်။
အမျိုးသား အောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အမျိုးသားရေးစိတ်ဓာတ် ရှင်သန် ထက်မြက်ရေးနှင့် အသိပညာ ဗဟုသုတများ ရရှိစေရေးအတွက် စာအုပ် စာစောင်ပြပွဲကို ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)