
မော်လမြိုင် နိုဝင်ဘာ ၂၁
မော်လမြိုင်မြို့ ကျက်သရေဆောင် ဆံတော်ရှင် ဦးဇိနစေတီတော်မြတ် ကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခြင်း၊ စိန်ဖူးတော် ငှက်မြတ်နားတော် အသစ် ပြန်လည်တင်လှူခြင်း လုပ်ငန်း များ ဆောင်ရွက်နေမှု ယနေ့နံနက် ၈ နာရီက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက် ကြည့်ရှုသည်၊၊
ရှေးဦးစွာ စေတီတော်မြတ် ကြီး၏ ဩဝါဒါစရိယဆရာတော် ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် စေတီတော်ပေါ်သို့ တက်ရောက်ပြီး စိန်ဖူးတော် နှင့် ငှက်မြတ်နားတော်တို့အား ဖူးမြော် ကြည့်ရှုစစ်ဆေးကာ အသစ် ပြန်လည်တင်လှူနိုင်ရေး ဘက်စုံပြုပြင်မွမ်းမံနေမှု အချိန်မီ ပြီးစီးရေး၊ ဘုရားဖူးလာပြည်သူ များ ဓမ္မာရုံတွင် အနီးကပ်ဖူးမြော် ကြည်ညိုပြီး စိတ်အေးချမ်းသာ စွာ ကုသိုလ်ယူနိုင်ရေးတို့အတွက် ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများ အား မှာကြားသည်၊၊
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သမိုင်းဝင် နဂါးမောက်စေတီတော်မြတ်ကြီး သို့ သွားရောက်ကာ ဘက်စုံမွမ်းမံ ပြုပြင်နေမှု၊ ဉာဏ်တော်မြှင့်တင် နေမှု၊ စေတီတော်မွမ်းမံနေမှု၊ ထီးတော်တင်လှူနိုင်ရေး၊ ရင်ပြင် တော်ကြွေပြားခင်းကျင်းပြီးစီးနေ မှု ငြမ်းလုပ်ငန်း စတင်ဆောင်ရွက် နေမှုနှင့် အခြားဘက်စုံမွမ်းမံ တည်ဆောက်နေမှုတို့ကို ကြည့်ရှုသည်၊၊
ဘက်စုံပြုပြင်မွမ်းမံ
မွန်ပြည်နယ်တွင် ဖူးမြော် ကြည်ညိုဖွယ်ရာ သမိုင်းဝင် တန်ခိုးကြီးဘုရား များစွာရှိသည့် အတွက် ကိုဗစ်-၁၉ အလွန် ကာလများတွင် ဘုရားဖူးရဟန်း ရှင်လူပြည်သူများ စိတ်အေး ချမ်းသာစွာ ကုသိုလ်ယူ ဖူးမြော် ကြည်ညိုနိုင်ရေးအတွက် ဆရာ တော်ကြီးများ၊ ပြည်နယ်အစိုးရ အဖွဲ့နှင့် အလှူရှင်များစုပေါင်းကာ ဘက်စုံပြုပြင်မွမ်းမံ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်၊၊
ခရိုင်(ပြန်/ဆက်)