ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များ ပြည်သူများပိုမိုသိရှိနိုင်ရေး မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်

 

လွိုင်ကော်     နိုဝင်ဘာ  ၂၀ 

 


လွိုင်ကော်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေး   ညွှန်ကြားချက် များကို   ပြည်သူများ   ပိုမိုသိရှိလိုက်နာနိုင်ရေး   အသိပေးနှိုးဆော်မှု များအား ရပ်ကွက်များ၊ ကျေးရွာများနှင့်  လူစည်ကားရာနေရာများ တွင်  မြန်မာ၊  ကယားနှစ်ဘာသာဖြင့်  အသံချဲ့စက်များ၊  လက်ကိုင်စကား ပြော  အသံချဲ့စက်ဖြင့်  သတိပေးနှိုးဆော်မှုများကို  လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်     ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်    မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့က နေ့စဉ်ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင် လည်း လွိုင်ကော်မြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်သည်။ 

 


ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သော ညွှန်ကြားချက်များ၊  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးဗဟိုကော်မတီမှ  အသိပေးပန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန်တို့ကို နှိုးဆော်သည်။

 


ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေမှာ ဇွန် ၂၉ ရက်မှ   နိုဝင်ဘာ ၂၀ ရက်အထိ  ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်းမှာ ၅၆၇၄ ဦးရှိပြီး နိုဝင်ဘာ ၂၀ ရက် သေဆုံးသူ နှစ်ဦးရှိကာ စုစုပေါင်း သေဆုံးလူနာ ၂၂၄ ဦးရှိကြောင်း သိရသည်။ 


ခရိုင်(ပြန်/ဆက်)