မန္တလေးတက္ကသိုလ်နှင့် ယူနန်တက္ကသိုလ်တို့မှ သုတေသနပညာရှင်များပူးပေါင်း၍ နှစ်ရှည်စပါး လေးမျိုးကို သုတေသနပြု စိုက်ပျိုးလျက်ရှိ

 

မန္တလေး  နိုဝင်ဘာ  ၂၀


မန္တလေးတက္ကသိုလ်နှင့်   တရုတ် နိုင်ငံ ယူနန်တက္ကသိုလ်တို့မှ နိုင်ငံ တကာ သုတေသနပညာရှင်များ ပူးပေါင်း၍    နှစ်ရှည်စပါး (Peren- nial  Rice-PR) လေးမျိုး PR-23၊ PR-25၊  PR-101 နှင့် PR-107  တို့ကို       စမ်းသပ်စိုက်ကွင်းများ ဖြင့် သုတေသနပြုဆောင်ရွက်နေ ကြောင်း     မန္တလေးတက္ကသိုလ် ရုက္ခဗေဒနှင့်  အဏုဇီဝဗေဒဌာနမှ သိရသည်။

 


“ယူနန်တက္ကသိုလ်က  စမ်း သပ် အောင်မြင်ထားတဲ့ နှစ်ရှည် စပါးမျိုးတွေ မြန်မာနိုင်ငံရာသီ ဥတု၊ ရေ၊ မြေ၊     ဒေသတွေနဲ့  ကိုက်ညီမှု ရှိ မရှိ၊ လိုက်လျောညီထွေစွာစိုက်ပျိုးနိုင်ခြင်း   ရှိ  မရှိ သိနိုင်ဖို့ သုတေသနပြု ဆောင်ရွက် နေပါတယ်။ တွေ့ရှိချက်တွေအရ ဒေသမရွေး၊ မြေနေရာမရွေး စိုက် ပျိုးနိုင်တာတွေ့ရတယ်။ မန္တလေး တိုင်း ပုသိမ်ကြီးမြို့နယ်ရှိ လက်သစ် ကျေးရွာနဲ့ နေပြည်တော် ဇဗ္ဗူသီရိ မြို့နယ်ရှိ      စိမ်းစားပင်ကျေးရွာ တွေမှာ စိုက်ပျိုးထားတဲ့ နှစ်ရှည် စပါးတွေကို ပထမစိုက်ပျိုးရာသီ အတွက်  ရိတ်သိမ်းနိုင်ခဲ့တယ်။ တစ်ဧကတင်း ၁၀၀ ကျော် ထွက် ပါတယ်။   စပါးစိုက်ပျိုးမြေကို တစ်ကြိမ်သာ   ထွန်ရေးညက် အောင်ပြင်ပေးရမယ်။  အနည်း ဆုံး ငါးသီးအထိရိတ်သိမ်းနိုင်ပါ တယ်”ဟု ရုက္ခဗေဒနှင့်အဏုဇီဝ ဗေဒဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာနုနုရီက ပြောသည်။

 


မန္တလေးတက္ကသိုလ် သုတေ သနစင်တာ(University Rese- arch  Center) ရှိ Green House၊ မန္တလေးတိုင်း   ပုသိမ်ကြီးမြို့နယ် ကျောက်မီးဒေသရှိ   လက်သစ် ကျေးရွာ၊      ပြင်ဦးလွင်မြို့နယ် မြိုင်ကြီးကျေးရွာနှင့်   နေပြည် တော် ဇဗ္ဗူသီရိမြို့နယ်ရှိ စိမ်းစား ပင်ကျေးရွာတို့တွင် ၂၀၁၉ ခုနှစ် မှစ၍ စမ်းသပ် စိုက်ကွင်းများဖြင့် စိုက်ပျိုးခဲ့ပြီး   ၂၀၂၀ ပြည့်နှစ်တွင် ပထမ   စိုက်ပျိုးရာသီအတွက် စတင်     ရိတ်သိမ်းနိုင်ခဲ့ကြောင်း သိရသည်။

 


“လက်ရှိ စပါးစိုက်တောင်သူ တွေစိုက်ပျိုးနေတဲ့ နည်းစနစ်တွေ အတိုင်းပါပဲ။     ရိတ်သိမ်းချိန်နဲ့  ရိတ်သိမ်းပြီး အထူးသတိပြုလုပ် ရမှာက ရိတ်သိမ်းချိန်စပါးပင်တွေ ကို  ရာသီဥတု  အပူအအေးပေါ် မူတည်ပြီး အပင်အောက်ခြေကနေ ၁၀ စင်တီမီတာ ဒါမှမဟုတ် ၁၅ စင်တီမီတာလောက် မြေပေါ်ကျန် အောင်  ရိတ်ပေးရမယ်။ ရိတ်ပြီး သုံးလေးရက်အတွင်း အပင်အမြစ် တွေ ဆက်လက်  ရှင်သန်ကြီး ထွားဖို့ အချိန်မီလုပ်နိုင်မှ နောက် ရာသီချိန်မှာ ဆက်လက်ရှင်သန် ကြီးထွားနိုင်မှာပါ။ တောင်သူတွေ နှစ်သက်မှု ရှိ မရှိ သိနိုင်ဖို့ စမ်းသပ် စိုက်ခင်းတွေဆီ    ဖိတ်ခေါ်ပြသ သွားဖို့၊ စိုက်ပျိုးနည်းပညာတွေပေး နိုင်ဖို့နဲ့  စိတ်ဝင်စားတဲ့ တောင်သူ တွေကို    မျိုးတွေဖြန့်ဝေပေးပြီး သုတေသနအချက်အလက်တွေ ရယူဆောင်ရွက်နိုင်ဖို့ စီစဉ်ထား ပါတယ်” ဟု ဆက်လက်    ပြောသည်။

 

နှစ်ရှည်      စပါးမျိုးများကို  စိုက်ပျိုးခြင်းဖြင့်      ထွန်ယက် စိုက်ပျိုးစရိတ်များနှင့် လုပ်အားခ ကုန်ကျစရိတ်များသက်သာခြင်း၊ စိုက်ပျိုးရေလိုအပ်မှု၊    ပိုးသတ် ဆေးနှင့် ပေါင်းသတ်ဆေးစရိတ် များ လျှော့ချနိုင်ခြင်း၊  အထွက် ကောင်းစပါးများကို စိုက်ပျိုးထုတ် လုပ်လာနိုင်ခြင်းဖြင့်     စပါးစိုက် တောင်သူများ  ဝင်ငွေတိုးလာပြီး    စားနပ်ရိက္ခာဖူလုံမှုကို   တစ်ဖက် တစ်လမ်းမှ အထောက်အကူပြု ကူညီ    ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
                         

ထိပ်ထားနိုင်