ကချင်ပြည်နယ်ရှိ IDPs စခန်းများ ပိတ်သိမ်းရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး ဆွေးနွေး

 

မြစ်ကြီးနား  နိုဝင်ဘာ   ၂၀


ကချင်ပြည်နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး၊ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးနှင့်  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား နိုဝင်ဘာ  ၁၉ ရက် မွန်းလွဲ ၁ နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ မလိခခန်းမ၌ ကျင်းပသည်။  

 


တွေ့ဆုံပွဲတွင်       ပြည်နယ် ဝန်ကြီးချုပ်   ဦးခက်ထိန်နန်က ပြည်တွင်း     နေရပ်စွန့်ခွာသူများ  ပြန်လည်နေရာချထားရေး၊ ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ရေး ကိစ္စရပ်များအတွက် လုပ်ငန်း ကော်မတီများ ကျစ်လစ်စွာဖွဲ့စည်း ကာ လက်တွေ့ထိရောက် အောင် မြင်အောင်ဆောင်ရွက်ရန် အစည်း အဝေးသို့ တက်ရောက်လာသော တာဝန်ရှိ   ပုဂ္ဂိုလ်များအနေဖြင့် လိုအပ်ချက်များ၊ အခက်အခဲများ ကို ဆွေးနွေးပေးကြရန် တိုက်တွန်း မှာကြားသည်။

 


ဆက်လက်ပြီး  ပြည်နယ်လုံခြုံ ရေးနှင့်  နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက IDPs စခန်းများရှိ ပြည်သူများ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး အတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ် များအပြင်  အဘက်ဘက်မှ  ကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

 

     ထို့နောက် မိုင်းနား (RC) ယာယီခိုလှုံရာစခန်း  တာဝန်ခံမှ ကျွန်းတောကွက်သစ် နှင့် (၄)မိုင်ကျေးရွာတွင် ပြန်လည် နေရာချထားရေးအတွက် ဆောက် လုပ်ပြီးစီးသည့်     နေအိမ်များ အတွက် လျှပ်စစ်မီးနှင့်သောက်သုံး ရေရရှိရေး၊  လမ်းများဖောက်လုပ် ပေးရေး ကိစ္စရပ်များအား တင်ပြ ဆွေးနွေးပြီး၊ IDps စခန်း တာဝန်ခံ များက စခန်းရှိပြည်သူများအား ကိုဗစ်-၁၉    ကာကွယ်ဆေးကို   ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကျန်းမာရေးအသိပညာ ပေးခြင်း များ  ဆောင်ရွက်ပေးရန်  တင်ပြ ဆွေးနွေးသည်။

 


ထို့နောက်     ဘေးအန္တရာယ် ဆိုင်ရာ         စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ IDPs စခန်း များရှိ ပြည်သူများအတွက် လူသား ချင်းစာနာထောက်ထားမှု အကူ အညီများ၊   ကျန်းမာရေး၊    ပညာ ရေး၊ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်  ရေးနှင့်  အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဖော်ဆောင်ပေးနိုင် ရေးအတွက်     မဟာဗျူဟာများ ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

 


ယင်းနောက် တင်ပြဆွေးနွေး မှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ် က  IDPs စခန်းများမှ တာဝန်ခံ များအား        နှာခေါင်းစည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

 


ကချင်ပြည်နယ်အတွင်း လွန် ခဲ့သည့် ၂၀၁၄ ခုနှစ်မှ ယနေ့အထိ ပြည်တွင်းနေရပ်စွန့်ခွာသူ   အိမ် ထောင်စု ၁၆၀၇ စု လူဦးရေ ၈၂၅၄ ဦးအား   ပြည်လည်နေရာချထား နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)