ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများအား စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေး

 

နေပြည်တော်   နိုဝင်ဘာ   ၂၀


ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ  ထားရှိရန် အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်း ကျောင်းများ၊  စစ်ကြောရေးနှင့် တည်းခိုရေး စခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာန နှင့်   အခြားဌာနဆိုင်ရာ  တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူ များနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ် များ၌  Quarantine Center များ  ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိသည်။ 

 


ထိုသို့လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ ည ၇ နာရီအထိ နေပြည်တော် စစ်ကြော ရေးနှင့်    တည်းခိုရေးစခန်း၌     သီးသန့် စောင့်ကြည့်ရမည့်သူ အမျိုးသား ၉၅ ဦးနှင့် အမျိုးသမီး ၈၃ ဦး စုစုပေါင်း ၁၇၈ ဦးတို့ကို လက်ခံထားရှိကြောင်း သိရှိရသည်။

 


အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲ အတည်ပြု     ပိုးတွေ့လူနာများ၏      နေထိုင် စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။      

သတင်းစဉ်