
ခန္တီး နိုဝင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် စိုက်ပျိုး ရေးဦးစီးဌာန၏ မိုးစပါး တစ်ဧကတင်း ၁၀၀ ထွက်ရှိရေး စံပြကွက်၌ ၀ ဒသမ ၁ ဧက စံကွက် ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့က ပေါမိုင်းအုပ်စု သာစည်ရပ်ကွက်ရှိ တောင်သူ တစ်ဦး၏ စံပြကွက်၌ ပြုလုပ်သည်။
စံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုး ရေးဦးစီးမှူး ဦးထွန်းဝေက ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးတစ်ဧက တင်း ၁၀၀ ထွက်ရှိရေးစံပြကွက် ၁၀ ဧက စိုက်ပျိုးခဲ့ပြီး ယခု တစ်ဧကအထွက်နှုန်းခန့်မှန်း သိရှိနိုင်ရန် ၆၆ ပေပတ်လည် ၀ ဒသမ ၁ ဧက စံကွက်ရိတ်သိမ်းခြင်းဖြစ်ကြောင်း ပြောကြား ၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက် နှုန်း ၁၂၈ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါစံပြကွက်ကို စိုက်ပျိုးသည့် ဒေသခံတောင်သူ ဦးကျော်စံဝင်းက စိုက်ပျိုး ရေးဦးစီးဌာန၏ လမ်းညွှန်မှုအရ သိပ္ပံနည်းကျ စိုက်နည်းစနစ်များအတိုင်း ပျိုးထောင်စိုက်ပျိုးခဲ့ကြောင်း ပြောကြားသည်။
ဟန်ထွန်း(အင်းဝ)