
နေပြည်တော် နိုဝင်ဘာ ၁၉
ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး နှင့် ပြည်သူများ၏ စားသောက် ရေးကို အထောက်အကူဖြစ်စေရန် အတွက် ယနေ့တွင် အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင် များသည် လှိုင်းဘွဲမြို့ နယ်မြေခံ တပ်ရင်းများ၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို သွားရောက် ကြည့်ရှု၍(ယာပုံ)တာဝန်ရှိသူများ နှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်