
မြစ်ကြီးနား နိုဝင်ဘာ ၁၉
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာ့ရိုးရာ တန်ဆောင်တိုင်ပွဲတော် အထိမ်းအမှတ်အဖြစ် တန်ဆောင်မုန်းလပြည့်ညတွင် ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား ဆီမီးထွန်းညှိပူဇော်ခြင်း ၊ ရှင်ဥပဂုတ္တဖောင်တော်မျှောခြင်း၊ ဆီမီး(၁ဝဝဝဝ) မီးမျှော ပူဇော်ခြင်း၊ မီးအလှထွန်းညှိခြင်းနှင့် စတု ဒိသာကျွေးမွေးခြင်းတို့အား နိုဝင်ဘာ ၁၈ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဓလေ့ထုံးတမ်း များနှင့်အညီ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ သီတာ ရပ်ကွက်ရှိ လောကမာရ်အောင် ဆုတောင်းပြည့်ဘုရားသို့ ရောက်ရှိရာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်း ရဲထွန်းက မြန်မာ့ရိုးရာတန်ဆောင်တိုင်ပွဲတော် အထိမ်းအမှတ် ဆီမီးထွန်းညှိပွဲ ကျင်းပရခြင်းနှင့် ပတ်သက်ပြီး သမိုင်းကြောင်းအစဉ်အလာအား ပြောကြားပြီး ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော် မြတ်ကြီးအား ဆီမီးထွန်းညှိ ပူဇော်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီး များ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီးတို့နှင့် တာဝန်ရှိသူများက ရှင်ဥပဂုတ္တ ဖောင်တော် နှင့် ဆီမီး(၁ဝဝဝဝ)အား ထွန်းညှိပြီး ဧရာဝတီမြစ် အတွင်းသို့ မျှော၍ ပူဇော်ကြကြောင်း သိရ သည်။
ပြည်နယ် (ပြန်/ဆက်)