ရန်ကုန်-မြိတ်-ရန်ကုန် လေကြောင်း ပုံမှန်ခရီးစဉ်များအား ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ပြေးဆွဲ

 

မြိတ်    နိုဝင်ဘာ   ၁၉


ခရီးသွားပြည်သူများ သွားလာ‌ရေးအဆင်ပြေချောမွေ့စေရန်အတွက် ရန်ကုန်  -  မြိတ်  -  ရန်ကုန် လေကြောင်းခရီးပုံမှန်ခရီးစဉ်ကို  နိုဝင်ဘာ ၁၉ ရက်တွင် ကျန်းမာ ရေးဆိုင်ရာ    စံသတ်မှတ်ချက် များ၊   ကိုဗစ်- ၁၉ ကာကွယ်ရေး        လမ်းညွှန်ချက်များနှင့်အညီ    ပြန် လည်ပျံသန်း ပြေးဆွဲပေးလျက်ရှိ ကြောင်း သိရသည်။

 


“မြန်မာ           အမျိုးသား လေကြောင်းအနေနဲ့ ခရီးသွား ပြည်သူတွေ   အဆင်ပြေချောမွေ့ စေဖို့အတွက်  လက်ရှိ      ရန်ကုန်-မြိတ်-ရန်ကုန်    တိုက်ရိုက်ခရီး စဉ်ကို        နေ့စဉ် ပျံသန်းပြေးဆွဲမှာ ဖြစ်ပါတယ်။       ခရီးသည်တွေ လုံခြုံစိတ်ချစွာ  ခရီးသွားလာနိုင်ဖို့ အတွက်    ကျန်းမာရေးဝန်ကြီး ဌာနက ချမှတ်ထားတဲ့ လမ်းညွှန် ချက်တွေနဲ့အညီ ဝန်ဆောင်မှုပေး သွားမှာ  ဖြစ်ပါတယ်။  ရန်ကုန်-မြိတ်-ရန်ကုန် ခရီးစဉ်ကို အဓိက နေ့စဉ်ပြေးဆွဲမှာဖြစ်ပြီး မြိတ်-ထားဝယ်၊  မြိတ်- ကော့သောင်း ခရီးစဉ်တွေကို   နောက်ပိုင်းမှာ အခါအားလျော်စွာ ပျံသန်းပြေးဆွဲ မှာ ဖြစ်ပါတယ် ” ဟု မြန်မာအမျိုး သားလေကြောင်း    မြိတ်ဌာနခွဲ တာဝန်ခံ    ဦးအောင်မိုးဆန်းက ပြောသည်။

 


ခရီးသွားပြည်သူများ အနေ ဖြင့်  မိမိတို့သွားရောက်လိုသည့်              နေ့ရက်များအတွက်  လေယာဉ်        လက်မှတ်များကို   မြန်မာအမျိုး သားလေကြောင်း မြိတ်ဌာနခွဲရုံး နှင့်       လက်မှတ်အရောင်း   ကိုယ်စားလှယ်များ၌    ဝယ်ယူ နိုင်ပါကြောင်း၊    ခရီးသည်များ အဆင်ပြေစေရေးအတွက်  ခရီး သည်         သွားလာမှုများသည့် နေ့များတွင်   ခရီးစဉ်တစ်ခေါက် မှနှစ်ခေါက်              တိုးမြှင့်ပျံသန်း ပြေးဆွဲပေးမည်    ဖြစ်ကြောင်း သိရသည်။

 


ခရီးသွား        ပြည်သူများ    လေကြောင်းခရီးသွားလာရာတွင် ခရီးသွားမည့်နေ့မတိုင်မီ ၄၈ နာရီ အတွင်း  ကိုဗစ်ကင်းစင်ကြောင်း ဆေးစစ်ဆေးမှု ထောက်ခံချက် ယူဆောင်လာရမည်ဖြစ်ကြောင်း၊ ဆေးစစ်မှု    ထောက်ခံချက်ကို ကန်ခေါင်းရပ်ကွက်    ပြည်သူ့ ဆေးရုံနှင့် တပ်မတော်ဆေးရုံတွင် စစ်ဆေးရန်    သတ်မှတ်ထား ကြောင်း၊   မြိတ်မြို့ရှိ  ခရီးသွား ပြည်သူများအား ရန်ကုန်-မြိတ်-ရန်ကုန်လေကြောင်းခရီးစဉ်ကို မြန်မာအမျိုးသားလေကြောင်း လိုင်းအပြင် Air KBZ နှင့် MAI လေကြောင်းလိုင်းတို့လည်း  ပျံ သန်း    ပြေးဆွဲလျက်ရှိကြောင်း    သိရသည်။  

   
 ခိုင်ထူး(ပြန်/ဆက်)