ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့် ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

နေပြည်တော်   နိုဝင်ဘာ   ၁၉


အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ   ကာကွယ်၊   ထိန်းချုပ်၊   ကုသရေးပစ္စည်းများ အား  ရေကြောင်း၊  လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ် အသီးသီး မှ    နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေး ထုတ်ပေးလျက်ရှိသည်။

 


ထိုသို့    ထုတ်‌ပေးရာတွင်    နိုဝင်ဘာ  ၁၉   ရက်၌    ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်    ကုမ္ပဏီတစ်ခုမှ Covid-19 Vaccine 0.5Ml/Dose ၁၀၀၀၀၀၊ ရန်ကုန် ဆိပ်ကမ်းများမှ  Mask  ၂၈၀၊ Sanitizer & Disinfeciant ၂၇၄၄ ခု၊  Isolation  Gown  ၃၆၀၀၀၊ Oxygen Cylinder ၁၄၆၈ ခု၊ ဆေးဝါးမျိုးစုံ ၄၉ မျိုး၊ စုစုပေါင်း ၁၃၃၀၀၇ ဒသမ ၈၅ Kg ၊ နယ်စပ် (မြဝတီ)တွင်   ကုမ္ပဏီတစ်ခုမှ Liquid Oxygen ၁၅၃၅၄ m3 တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။      

                                                                    
သတင်းစဉ်