မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တန်ဆောင်တိုင်ပွဲတော် အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

 

မန္တလေး  နိုဝင်ဘာ  ၁၉


မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဖလား တန်ဆောင် တိုင်ပွဲတော်      အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဆုချီးမြှင့် ပွဲကို  နိုဝင်ဘာ   ၁၈   ရက်က အောင်မြေသာစံမြို့နယ်ရှိ ရွှေမန်း တောင်   ဂေါက်ကွင်းတွင်  ကျင်းပသည်။

 


ပြိုင်ပွဲဖွင့်ပွဲကို နံနက်ပိုင်းတွင် ပြုလုပ်ရာ  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး က သတ်မှတ်တီခုံတွင် ဂေါက်သီး ရိုက်ဖွင့်လှစ်ပေးပြီး တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ပြိုင်ပွဲဝင် အားကစားများယှဉ်ပြိုင် ကစားနေမှုများကို      ကြည့်ရှု အားပေးသည်။

 


ဆက်လက်၍ တန်ဆောင်တိုင် ပွဲတော် အထိမ်းအမှတ် ဂေါက်သီး ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ဧည့်ခံ ဖျော်ဖြေပွဲကို    ညနေပိုင်းတွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်  ဦးမောင်ကိုက  ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိကြသူများကို  လည်းကောင်း၊ တိုင်းဒေသကြီး    အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်   နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော် မင်းက  ပြိုင်ပွဲတွင် အဝေးဆုံးဆု၊ လိုင်းနှင့်အနီးဆုံး    ရိုက်ချက်ဆု၊ ကျင်းနှင့်    အနီးဆုံးဆု၊    Par အများဆုံးဆု    ရရှိကြသူများကို လည်းကောင်း   ဆုတံဆိပ်နှင့် ဂုဏ်ပြုပစ္စည်းများ  ချီးမြှင့်ပေး ပြီးနောက်   ဂေါက်သီးရိုက်ပြိုင်ပွဲ အတွက် လုံခြုံရေးဆောင်ရွက်ပေး ခဲ့ကြသော စစ်သည်များနှင့် မြန်မာ နိုင်ငံ   ရဲတပ်ဖွဲ့ဝင်များအတွက် တိုင်းဒေသကြီး   ဝန်ကြီးချုပ်နှင့် အလယ်ပိုင်းတိုင်း     စစ်ဌာနချုပ် တိုင်းမှူးတို့က   ပေးအပ်သော ငွေကျပ် သိန်း  ၂၀  ကို တိုင်းဒေသ ကြီး  ဝန်ကြီးချုပ်က     တာဝန်ရှိသူ များအား     ပေးအပ်ခဲ့ကြောင်း သိရသည်။  


သတင်းစဉ်