တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

နေပြည်တော်  နိုဝင်ဘာ   ၁၈


တိုင်းဒေသကြီးနှင့်     ပြည်နယ် အသီးသီးတို့၌  သံဃာတော်များ၊ သာသနာ့နွယ်ဝင်  သီလရှင်များ၊ ဘာသာရေး   ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး အသက် ၅၅ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊  မသန်စွမ်းသူ များ၊  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံ ရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်    စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက်  အခြေခံပညာ အလယ်တန်းနှင့်  အထက်တန်း အဆင့် ကျောင်းသား ကျောင်းသူ များစသည့်   ဦးတည်အုပ်စုများ သတ်မှတ်၍      တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများ မှ  ဆရာဝန်များ၊  သူနာပြုများ၊ ကျန်းမာရေး   ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်း   လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက် ပေးလျက်ရှိသည်။


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၌ ဒေသခံပြည်သူ ၁၃၆၀၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ဒေသခံပြည်သူ   ၁၅၅၀၈   ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုမှ    ဒေသခံပြည်သူ ၈၇၅၀ တို့ကို      တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့်    ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေး နိုင်ခဲ့သည်။


ထို့အတူ        ကျောင်းသား  ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ  ယနေ့တွင် ရှမ်းပြည်နယ်     (အရှေ့ပိုင်း)  မိုင်းယောင်းမြို့နယ်၌ ကျောင်းသား ကျောင်းသူ ၄၂၈ ဦးနှင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌     ကျောင်းသား  ကျောင်းသူ  ၁၈၈၃၁  ဦးတို့ကို တပ်မတော်မှ  ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း များ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။


ထိုသို့ ဆောင်ရွက်ပေးနေမှုများ ကို သက်ဆိုင်ရာ    တိုင်းစစ်ဌာန ချုပ်များမှ   တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း   သိရ သည်။                    

 သတင်းစဉ်