တန်ဆောင်မုန်းလပြည့်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်ကြည်ညို၊ တန်ဆောင်တိုင် မီးထွန်းပွဲတော်များ ကျင်းပ

နေပြည်တော်  နိုဝင်ဘာ  ၁၈


ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏  နေ့ထူးနေ့မြတ်များ ထဲမှ   တစ်ရက်ဖြစ်သော   တန်ဆောင်မုန်းလပြည့် သာမညဖလပွဲတော်နေ့ဖြစ်ပြီး တန်ဆောင်တိုင်ပွဲတော်၊ မီးထွန်းပွဲတော်တို့ကို မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ ကောင်းတစ်ရပ်အဖြစ် နှစ်စဉ်ကျင်းပထွန်းညှိပူဇော် ကြသည်။


သီလဆောက်တည်


အဆိုပါ နေ့ထူးနေ့မြတ်တွင် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဥပုသ် သီလဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များ     ရွတ်ပွားပူဇော်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌ ကထိန်လျာသင်္ကန်း ကပ်လှူခြင်း၊  ကထိန်ခင်းခြင်း၊ ကုသိုလ်ဒါနသီလ ပွားများခြင်းစသည့် သူတော်ကောင်းတရားများကို ကြိုးစားအားထုတ်ဆောင်ရွက်ကြပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ     ဘုရားစေတီပုထိုးများ ၌လည်း အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိသည်။


ဖူးမြော်ကြည်ညို


ထို့အတူ တန်ဆောင်တိုင်မီးထွန်းပွဲတော်များကိုလည်း   တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးရှိ ဘုရားစေတီပုထိုးများ၌ ကိုဗစ်- ၁၉ ရောဂါ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပကြရာ အများပြည်သူ များ စိတ်အေးချမ်းသာစွာ လာရောက်ထွန်းညှိပူဇော် ဖူးမြော်ကြည်ညိုကြကြောင်း သိရသည်။


သတင်းစဉ်