
နေပြည်တော် နိုဝင်ဘာ ၁၈
တန်ဆောင်မုန်းလသည် မြန်မာ့ ၁၂ လရာသီတွင် ရှစ်လမြောက် လဖြစ်ပြီး တန်ဆောင်မုန်းလပြည့်နေ့သည် မြတ်စွာဘုရားရှင်က အဇာတသတ် မင်းကြီး အမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော်ခေါ် ရဟန်းပြုရအကျိုးပြတရားတော်ကို ဟောကြားတော်မူသော နေ့ထူး နေ့မြတ်ဖြစ်သည်။
ကြိုးစားအားထုတ်ဆောင်ရွက်ကြလေ့ရှိ
အဆိုပါ နေ့ထူးနေ့မြတ်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာ ဘုရားရှင်အား ရည်မှန်း၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာ တော်နှင့် ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ ဘုန်းတော်ကြီး ကျောင်းများ၌ ကထိန်လျာသင်္ကန်းကပ်လှူခြင်း၊ ကထိန်ခင်းခြင်း၊ ကုသိုလ်ဒါနသီလပွားများခြင်း စသည့်သူတော်ကောင်းတရားများကို ကြိုးစားအားထုတ်ဆောင်ရွက်ကြလေ့ရှိသည်။
ယနေ့ကျရောက်သည့် ၁၃၈၃ ခုနှစ် တန်ဆောင် မုန်းလပြည့်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဗုဒ္ဓဂါယာ(နေပြည်တော်)၊ မဟာသကျရံသီရပ်တော်မူ ရုပ်ရှင်တော်မြတ်ကြီး၊ ရန်အောင်မြင် ရွှေလက်လှစေတီတော်၊ ရန်အောင်ချမ်းသာဘုရား၊ ဓာတုစယဓာတ်ပေါင်းစု စေတီတော်၊ ထာဝရငြိမ်းချမ်းရေးစေတီ၊ လှေခွင်းတောင်တန်ခိုးကြီး ဘုရား၊ ကိုးနဝင်းစေတီတော်၊ ဆုတောင်းပြည့်လောကမာရဇိန်စေတီ တော်၊ သံသရာငြိမ်းအေးစေတီတော်၊
ဘုရားကိုးဆူ၊ ကိုးခန်းကြီးဘုရား၊ လောကရန်နှိမ်စေတီ၊ ဖောင်တော်ချက်မ စေတီ၊ လက်လုပ်တောင်စေတီ၊ မြို့ပေါ် ရပ်ကွက်များရှိ စေတီပုထိုးများနှင့် ကျောင်းကန်ဇရပ်များသို့ ဘာသာရေး ဝတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဝန်ထမ်းမိသားစုများ၊ ပတ်ဝန်းကျင် ဒေသများမှ ဘုရားဖူးလာရောက်ကြသူ များသည် တရားဘာဝနာပွားများခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်း၊ ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်း၊ ဆရာတော်သံဃာတော်များ အား ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများဖြင့် စည်ကားလျက်ရှိသည်။
ကပ်လှူပူဇော်ပွဲ
နေပြည်တော် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး၏ (၁၃)ကြိမ်မြောက် တန်ဆောင် တိုင် ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် အဆိုပါ စေတီတော်လိုဏ်တော်၌ ကျင်းပသည်။
အခမ်းအနားတွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ သာသနာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမင်းထိန်နှင့် တာဝန်ရှိသူများက စေတီတော်လိုဏ်တော်အတွင်းရှိ ဗုဒ္ဓပဋိမာ ရုပ်ပွားဆင်းတုတော်များနှင့် စေတီတော် အရှေ့မြောက်ထောင့်ရှိ မဟာဆုတောင်း ပြည့်ဘုရားကြီးအား တန်ဆောင်တိုင် ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပြီး ရုပ်ပွားတော်များအား မြသပိတ်တော်ဖြင့် ဆွမ်း၊ သစ်သီး၊ ပန်းမန်နှင့် သောက်တော် ရေတို့ကို ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင် ကျောင်းတိုက် ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားတော်မူသည့် မေတ္တသုတ်ပရိတ်တော်နှင့် ဘုရား ဂုဏ်တော်များကို နာယူကြသည်။
အမျှပေးဝေ
ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ၎င်းတို့ ၏ဇနီးများက ဘဒ္ဒန္တဇနိန္ဒ အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး အနုမောဒနာတရားနာယူ ကြ၍ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းလောင်း အမျှပေးဝေကြသည်။
ထို့ပြင် ဥပ္ပါတသန္တိစေတီတော်မြတ် ကြီး၏ ပရိဝုဏ်အတွင်းရှိ ရတနာဆင်ဖြူ တော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ် ၌ ဆင်စာကျွေးကြသူများ၊ နိဗ္ဗာန်ကုန်ဆိုင် များနှင့် အမှတ်တရပစ္စည်းအရောင်းဆိုင် များတွင်လည်း ဈေးဝယ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
အလားတူ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ လမ်းများ၌ မော်တော်ယာဉ်များ၊ ဆိုင်ကယ် များဖြင့် ဘုံကထိန်များလှည့်လည်ခြင်း၊ နိဗ္ဗာန်ဈေးပွဲတော်များ ကျင်းပခြင်း၊ Ocean Super Center၊ Junction Center၊ Naypyitaw Wholesale တို့တွင် ဈေးလာဝယ်ကြသူများနှင့် မင်္ဂလာကန် တော်တွင် အပန်းဖြေလာရောက်ကြသူ များဖြင့် စည်ကားလျက်ရှိသည်။
စည်ကားလျက်ရှိ
ညနေပိုင်းတွင် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး စေတီတော်ရင်ပြင်တွင် ဘုရားရှင်အား ရည်မှန်း၍ ဆီမီး ၉၀ဝ၀ ပူဇော်ကြရာ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
ညပိုင်းတွင်လည်း အဆိုပါဘုရားများ ၌ ဆီမီးပူဇော်ပွဲများ၊ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ ဘုရားစေတီများနှင့် နေအိမ်များ၌ မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဆီမီးနှင့်မီးရောင်စုံ ထွန်းညှိ ပူဇော်ကြသူများ၊ မဲဇလီဖူးသုပ်ဒါနပြုကြ သူများဖြင့် စည်ကားလျက်ရှိသည်။
ဆောင်ရွက်ပေး
တန်ဆောင်မုန်း လပြည့်နေ့တွင် ဘုရားဖူး လာရောက်ကြသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက နှာခေါင်းစည်းများ ဖြန့်ဝေခြင်း၊ စနစ်တကျလက်ဆေးခြင်းနှင့် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ပေး ကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ ကုသိုလ်ပြုနိုင်ရန် လုံခြုံရေးဆောင်ရွက် ပေးလျက်သည်။
သတင်း-ဟိန်းဂျိုင်း
ဓာတ်ပုံ-ကိုကိုအေး