
“အတိတ်ကိုမသိလျှင် ထပ်ကျော့အမှားတွေ ကျူးလွန်နိုင်သည်။ ထို့အတူ အတိတ်ကို အစွဲသန်လွန်းလျှင်လည်း အနာဂတ်လမ်း ပျောက်နိုင်သည်” ဆိုသည့်စကားရပ်အား သတိချပ်စေလိုသည်။ နိုင်ငံတော်အစိုးရသည် ကျရောက်မည့် စိန်ရတု ပြည်ထောင်စုနေ့၊ စိန်ရတုလွတ်လပ်ရေးနေ့မတိုင်မီ၌ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာစေရေးလုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်သည်။
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၅-၁၀-၂၀၂၁ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၆) နှစ်မြောက် နှစ်ပတ်လည်နေ့သို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်)