
ညောင်ရွှေ နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် စည်ပင်သာယာရေးဌာနသည် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက် စီမံချက်များရေးဆွဲ ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ အကောင်အထည် ဖော် ဆောင်ရွက်ရာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ) ခြောက်လတာ ကာလတို ဘတ်ဂျက်အတွင်း ငွေလုံးငွေရင်းလုပ်ငန်းများဖြစ်သည့် လမ်း၊ တံတားနှင့် အခြားလုပ်ငန်း ၁၇ ခုအား ခန့်မှန်းကုန်ကျငွေကျပ် ၁၁၇ ဒသမ ၄၅၅ သန်း အကုန်ကျခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအယ်ဘဲ