မဟာမုနိဘုရားကြီးတွင် (၃၂)ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်လှူဒါန်းပူဇော်ပွဲ ကျင်းပ

 

မန္တလေး   နိုဝင်ဘာ   ၁၇


မန္တလေးမြို့   ချမ်းမြသာစည်မြို့နယ်   ကျွန်းလုံးဥသျှောင်ရပ်ကွက် အကွက်(၅၀၈)ရှိ မဟာမုနိဘုရားကြီးတွင် (၃၂)ကြိမ်မြောက် မသိုးမြတ် သင်္ကန်းတော် ရက်လုပ်လှူဒါန်းပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို မဟာမုနိ ဘုရားကြီးရင်ပြင်တော် မိုးကောင်းဓမ္မာရုံအရှေ့၌ ယနေ့ နံနက် ၈ နာရီ က စတင်ဖွင့်လှစ်သည်။

 


အဆိုပါဖွင့်ပွဲကို  မဟာမုနိဘုရားကြီး  ဂေါပကဥက္ကဋ္ဌ  ဦးစိုးလင်း၊ အတွင်းရေးမှူး   ဦးကျော်ကျော်ဦးနှင့်အဖွဲ့ဝင်များက   ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး နိုဝင်ဘာ ၁၈ ရက် နံနက် ၅ နာရီခွဲတွင် မသိုးမြတ် သင်္ကန်းတော်အား  မဟာမုနိဘုရားကြီးသို့  ကပ်လှူပူဇော်မည်ဖြစ်ကြောင်း သိရသည်။                

ဇော်လင်းဦး(အောင်စံ)