အိမ်မဲမြို့ ရှင်ပင်ချမ်းသာကြီးဘုရား၌ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိ

 

အိမ်မဲ   နိုဝင်ဘာ  ၁၇


ဧရာဝတီတိုင်းဒေသကြီး     အိမ်မဲမြို့နယ်    ချောင်းဝပိုင်း (၁) လမ်းတွင် ကိန်းဝပ်စံပယ်တော် မူလျက်ရှိသည့်   အိမ်မဲမြို့တည်  သမိုင်းဝင်  ရှင်ပင်ချမ်းသာကြီးဘုရားတွင် တန်ဆောင်မုန်း လဆန်း (၁၄) ရက်   ညနေ ၅ နာရီမှ  စတင် ပြီး  ဘုရားဖူးလာပြည်သူများဖြင့်  စည်ကား လျက်ရှိသည်။

 


အိမ်မဲမြို့တည် သမိုင်းဝင် ရှင်ပင်ချမ်းသာ ကြီး ဘုရားရုပ်ရှင်တော်မြတ်ကြီး၌ နိုဝင်ဘာ ၁၈   ရက်တွင်       လုံးတော်ပြည့်ရွှေသင်္ကန်း၊ ငွေပဒေသာပင်ဆက်ကပ်လှူဒါန်းပွဲနှင့် နိုဝင် ဘာ ၁၉ ရက်တွင် သြဝါဒခံယူ ရေစက်ချတရားပွဲ ပြုလုပ်မည်ဖြစ်ကြောင်း   ဂေါပကအဖွဲ့ထံမှ သိရသည်။        

    
 ချစ်သက်လယ်(အိမ်မဲ)