တူရကီ၌ လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်အသင်း အင်ဒိုနီးရှားအပါအဝင် ခြေစမ်းကစားမည်

 

ရန်ကုန်  နိုဝင်ဘာ   ၁၆
တူရကီနိုင်ငံ၌   လေ့ကျင့်နေသည့်   မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်းသည်    အင်ဒို နီးရှား      လက်ရွေးစင်အသင်းအပါအဝင် ခြေစမ်းပွဲများ ထပ်မံကစားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်        အသင်းသည် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အကြိုပြင်ဆင် မှုအဖြစ်   တူရကီနိုင်ငံ၌  လေ့ကျင့်နေခြင်း ဖြစ်ပြီး   သုံးပွဲကစားရန်  သဘောတူညီမှု ရထားကာ နှစ်ပွဲကစားထားပြီးဖြစ်သည်။ သို့သော် မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် အင်ဒိုနီးရှားအသင်းအပြင်    နောက်ထပ် ခြေစမ်းပွဲများ ထပ်မံကစားနိုင်ရန် ကြိုးပမ်း နေခြင်းဖြစ်သည်။     မြန်မာ့လက်ရွေးစင် အသင်းသည် နိုဝင်ဘာ ၂၅ ရက်တွင် အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစား ရန် သဘောတူညီမှုရထားပြီး ယင်းပွဲမတိုင်မီ ခြေစမ်းပွဲထပ်မံကစားနိုင်ရန် ကြိုးပမ်းနေ ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်း သည် နိုဝင်ဘာ ၁၀ ရက်တွင် တူရကီအပျော် တမ်းကလပ်    မာနက်ဗ်ဂတ်စပေါ်အသင်း၊ နိုဝင်ဘာ   ၁၃  ရက်တွင်  အာဖရိကအသင်း ဖြစ်သော   ဘူရွန်ဒီလက်ရွေးစင်အသင်းတို့ နှင့် ယှဉ်ပြိုင်ကစားထားပြီး တစ်ပွဲနိုင်၊ တစ်ပွဲ ရှုံးနိမ့်ထားသည်။ မြန်မာ့လက်ရွေးစင်အသင်း သည် မာနက်ဗ်ဂတ်စပေါ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့်    အနိုင်ရခဲ့သော်လည်း  ဘူရွန်ဒီ လက်ရွေးစင်အသင်းကို   နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးထားသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ယခု လကုန်အထိ တူရကီနိုင်ငံ၌ လေ့ကျင့်မည် ဖြစ်ပြီး   ယင်းမှတစ်ဆင့်  စင်ကာပူနိုင်ငံသို့ တိုက်ရိုက်သွားရောက်မည်ဖြစ်သည်။ အာဆီယံ ဆူဇူကီး ဖလားပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက်မှ ဇန်နဝါရီ  ၁   ရက်အထိ   စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။   မြန်မာအသင်းသည်  ယင်းပြိုင်ပွဲတွင် ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ တီမောအသင်းတို့နှင့်       တစ်အုပ်စုတည်း ကျရောက်နေသည်။ 
                 ရဲရင့်လွင်၊ ဓာတ်ပုံ-MFF