
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ရှမ်းပြည်နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
==========================================================
နေပြည်တော် ဩဂုတ် ၁၂
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်သည် ရှမ်းပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးနှင့်အတူ ရှမ်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးရေးကိစ္စရပ်များကို ကွင်းဆင်းကြည့်ရှုစစ်ဆေး သည်။
ညှိနှိုင်းဆောင်ရွက်
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဩဂုတ် ၁၀ ရက် တွင် အောင်ပန်းမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး အောင်ပန်းနယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းအသစ်ကို မကြာမီ ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ဒေသခံလူငယ်များအတွက် ခေတ်စနစ်နှင့်လျော်ညီသည့် မော်တော်ယာဉ်နှင့် စက်ပြင် သင်တန်း၊ ပန်းရန်/ လက်သမားသင်တန်း၊ လျှပ်စစ်နှင့် အဲကွန်းပြင်သင်တန်း၊ ဂဟေသင်တန်း၊ လက်ကိုင်ဖုန်းပြင် သင်တန်းများ သင်ကြားလေ့ကျင့်ပေးသွားမည်ဖြစ် ကြောင်း၊ လေ့ကျင့်သင်ကြားရာတွင် အဆင့်မီသင်ထောက် ကူပစ္စည်းများ ပြည့်စုံစွာဖြင့် ကျွမ်းကျင်ဆရာများဖြင့် လေ့ကျင့်သင်ကြားပေးနိုင်ရေး လိုအပ်သည်များကို ပြည့်စုံ အောင်ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ TVET ပညာရပ် များသည် အမှန်တကယ်သာ တတ်ကျွမ်းနားလည်ပါက ဘဝရပ်တည်ရေးအတွက် အသက်မွေးဝမ်းကျောင်းပြုနိုင် သည့် တန်ဖိုးမြင့်ပညာရပ်ပင်ဖြစ်ကြောင်း၊ အဆိုပါ သင်ထောက်ကူပစ္စည်းများကို စွမ်းအားပြည့် ကိုင်တွယ်လေ့ကျင့်သင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာနည်းပြများ ၏ သင်ကြားနည်းစနစ်နှင့် အရည်အသွေးများကိုလည်း မြင့်မားစေရေးဌာနတွင်း စွမ်းရည်မြှင့်သင်တန်းများ ပြုလုပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းမှာကြားခဲ့ပြီး သင်တန်းကျောင်းဝင်းအတွင်းရှိ တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးနေမှုနှင့် သင်တန်းကျောင်း ဖွင့်လှစ် ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ဖြည့်ဆည်းဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယမန်နေ့တွင် ပင်းတယမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့ သည့် ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်ပေးကာ သင်တန်းကျောင်းဝင်းအတွင်းရှိ ကျောင်းသားအိပ်ဆောင်၊ ကျောင်းသူအိပ်ဆောင်များနှင့် စားရိပ်သာတို့တွင် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။
ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ ပင်းတယမြို့နယ် ကူးကော်-ရေချမ်းစင် (၃/၀) မိုင် ကျောက်ခင်းခြင်း၊ ကုန်းသာ- ပဲယင်းတောင် (၄/၂) မိုင် အပြီးသတ်မြေလမ်းဖောက်လုပ်ခြင်း၊ ရွာငံမြို့နယ် ရေချမ်း ပြင်-ကျောက္ကူတိ (၅/၅) မိုင် မြေလမ်းပေါ်ရှိ (၃/၃)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းခွင်များသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ သည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကန့်သတ်ချက်များ ရှိခဲ့ သော်လည်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်သည့် အနေအထားကို တွေ့ရှိ ရပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များ နှင့်အညီ တိတိကျကျလိုက်နာပြီး မိမိတို့ဒေသအတွင်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို စနစ်တကျ စဉ်ဆက်မပြတ် စစ်ဆေးကြပ်မတ်ဆောင်ရွက် သွားကြရန်၊ မိမိတို့ဝန်ကြီးဌာန၏ တည်ဆောက်ရေး လုပ်ငန်းများကို တာဝန်ယူ ပူးပေါင်း၊ တွဲဖက်လုပ်ကိုင် ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများအနေဖြင့်လည်း နိုင်ငံတော်ခွင့်ပြုရန်ပုံငွေနှင့် သတ်မှတ်ထားသည့် စံချိန် စံညွှန်းများ ပြည့်မီရေး၊ အချိန်မီပြီးစီးရေးတို့ကို အလေးထား ဆောင်ရွက်ပေးကြရန်၊ ဒေသခံပြည်သူများအနေဖြင့်လည်း ယခုကဲ့သို့ ဆောင်ရွက် ပေးခဲ့သည့် လုပ်ငန်းများပြီးစီးပါက ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် ပူးပေါင်းပါဝင် ထိန်းသိမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်