ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ  JSC  “Rosoboronexport”   ကုမ္ပဏီမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 

 

နေပြည်တော်  နိုဝင်ဘာ  ၁၅ 


ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်သည်   ရုရှားဖက်ဒရေးရှင်းနိုင်ငံ JSC   “Rosoboronexport”   ကုမ္ပဏီမှ ဒုတိယညွှန်ကြားရေးမှူးချုပ်  Mr. Chek-marev Andrey Lvovich  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ပိုင်းတွင်   နေပြည်တော်ရှိ   ဘုရင့်နောင် ရိပ်သာ  ဧည့်ခန်းမဆောင်၌    လက်ခံ တွေ့ဆုံသည်။ (ယာပုံ)
အဆိုပါတွေ့ဆုံပွဲသို့   ကာကွယ်ရေး ဦးစီးချုပ်(ရေ)   ဗိုလ်ချုပ်ကြီး မိုးအောင် နှင့်အတူ တပ်မတော်(ရေ)မှ  အရာရှိကြီး များနှင့်  တာဝန်ရှိသူများ  တက်ရောက်ကြ ပြီး ရုရှားနိုင်ငံ JSC “Rosoboronexport” ကုမ္ပဏီမှ   ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့်    ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ထိုသို့            တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ့တပ်မတော် (ရေ) နှင့်        JSC “Rosoboronexport” ကုမ္ပဏီတို့အကြား ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ တိုးမြှင့် ဆောင်ရွက်နိုင်မည့်  အခြေအနေများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ  အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။  သတင်းစဉ်