ကမ္မမြို့အတွင်းရှိ ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးနိုင်ရေးဆောင်ရွက်

 

ပခုက္ကူ နိုဝင်ဘာ ၁၄


ပခုက္ကူမြို့နယ် ကမ္မမြို့အတွင်းရှိ ကျောင်းသား ကျောင်းသူများအား  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အဆိုပါမြို့ အခြေခံပညာအထက် တန်းကျောင်း၌ နိုဝင်ဘာ ၁၄ ရက်က ကွင်းဆင်း ဆောင်ရွက်ပေးသည်။

 


ကွင်းဆင်းဆောင်ရွက်မှုကို   လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့ အင်အားဝန်ကြီးဌာန  ပခုက္ကူခရိုင်ဦးစီးမှူး  ဒုတိယညွှန်ကြားရေးမှူး  ဦးထိန်လင်းသိန်း၏ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်း ဦးဆောင်၍ ဒုတိယလဝကမှူး ဒေါ်အေးသက်မွန်နှင့် ဝန်ထမ်းများက စုစုပေါင်း ကျောင်းသား ကျောင်းသူ ၁၉၉ဦးတို့၏ နိုင်ငံသားစိစစ်ရေးကတ် ကို နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးကြသည်။

 


အဆိုပါလုပ်ငန်းများဆောင်ရွက်မှုကို ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်သူနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေး ကြပြီး လိုအပ်သည်များပေါင်းစပ်ကူညီဆောင်ရွက်ပေးခြင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြား လဲလှယ်လိုသူနှင့်   နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၊  ပျက်စီးသည့် ကျောင်းသားကျောင်းသူများနှင့် မိဘပြည်သူ များအနေဖြင့်   မြို့နယ်ဦးစီးမှူးရုံးတွင်  သွားရောက်လျှောက်ထား ဆောင်ရွက်နိုင်ကြောင်း မှာကြားခဲ့ကြကြောင်း သိရသည်။ 


ဆလိုင်းကိုကီး(ပြန်/ဆက်)