
နေပြည်တော် နိုဝင်ဘာ ၁၄
“ကိုဗစ် - ၁၉ ကာကွယ်ရေး၊ ပြည်သူအားလုံးပါဝင်ပေး” (ဝါသနာရှင် အဆင့်) နှင့် “ကိုဗစ် - ၁၉ ကပ်ရောဂါ၊ လက်တွဲညီညာတိုက်ဖျက်ပါ” (ပညာရှင်အဆင့်) ရောင်စုံဓာတ်ပုံပြိုင်ပွဲများကို ပြန်ကြားရေးဝန်ကြီး ဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဩဂုတ်လ ၁၄ ရက်နေ့မှ အောက်တိုဘာလ ၃၀ ရက်နေ့အထိ ဖိတ်ခေါ်ကျင်းပ ခဲ့ပါသည်။
ပြိုင်ပွဲတွင် ကိုဗစ် - ၁၉ ရောဂါ ဆိုးကျိုးများ၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများတွင် ဌာန ဆိုင်ရာများနှင့်ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နေမှုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များ၏ ဆောင် ရွက်ချက်များ၊ စေတနာ့ဝန်ထမ်းများက ပါဝင်ကူညီဆောင်ရွက် ပေးနေမှုများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုများ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ပြည်သူ များ လှုပ်ရှားဆောင်ရွက်နေမှုများ စသည့်အကြောင်းအရာများကို ဖော်ညွှန်းရိုက်ကူးထားသည့် ဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြ ပါသည်။
အဆိုပါရောင်စုံဓာတ်ပုံပြိုင်ပွဲများသို့ မြန်မာနိုင်ငံအနှံ့အပြားမှ ဓာတ်ပုံပညာရှင် ၁၄၀ က ပြိုင်ပွဲဝင်ဓာတ်ပုံ ၃၆၂ ပုံကို ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ဝါသနာရှင်အဆင့်တွင် ပထမဆု ဦးဇော်ဝင်း၊ ဒုတိယဆု ဦးမင်းလွင်ဦး၊ တတိယဆု ဝင်းဝင်းခိုင်တို့က ရရှိခဲ့ကြပြီး အထူးဆုများအဖြစ် ဦးမြင့်မော်ထွန်း၊ ဦးဇာနည်ကိုကို၊ ဦးဝင်းကျော်မြင့် (၂) ဆု၊ ဦးကျော်သန်းတို့က အသီးသီးရရှိကြသည်။ ပညာရှင်အဆင့် တွင် ပထမဆု ဦးစိုင်းထွန်းနေလှိုင်၊ ဒုတိယဆု အောင်အောင် (ပံသု ကျီ)၊ တတိယဆု ဦးဇော်မျိုးထိုက် တို့ကရရှိခဲ့ကြပြီး အထူးဆုများအဖြစ် ဦးစိုင်းထွန်းနေလှိုင် (၂) ဆု၊ အောင်အောင် (ပံသုကျီ)၊ ဝေဖြိုးမောင် (U.S)၊ ပြည်စိုးထွန်း(ပန်းချီ)တို့က အသီးသီးရရှိကြသည်။ ဆုရရှိသူများ အား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆုများ ထိုက်တန်စွာချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် ဆုပေးပွဲကျင်းပမည့် ရက်အား ထပ်မံအသိပေး အကြောင်းကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်