
နေပြည်တော် နိုဝင်ဘာ ၁၄
ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) မှ ကြီးမှူးကျင်းပမည့် (၁၀၁) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပနိုင်ရန် အလှူငွေပေးအပ်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဇမ္ဗူသီရိဗိမာန်၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက် ကြသည်။
ဦးစွာ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြား သည်။ ထို့နောက် အလှူရှင်များက (၁၀၁)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ ကျင်းပနိုင်ရန်အတွက် အလှူ ငွေများ ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက လက်ခံယူကြပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်