
နေပြည်တော် နိုဝင်ဘာ ၁၄
အိန္ဒိယနိုင်ငံ ဂိုအာမြို့တွင် (၃)ကြိမ်မြောက် Goa Maritime Conclave 2021 (GMC-2021) ကို နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့ရာ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ သည်။
အဆိုပါ Goa Maritime Conclave ကို အိန္ဒိယနိုင်ငံရေတပ်မှ နှစ်နှစ်တစ်ကြိမ် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး ယခုနှစ်တွင် အိန္ဒိယရေတပ် Naval War College မှ တာဝန်ယူ ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်ကာ အိန္ဒိယနိုင်ငံ ကာကွယ်ရေး အတွင်းဝန် Defence Secretary Dr. Shri Ajay Kumar ၊ နိုင်ငံခြားရေးအတွင်းဝန် Foreign Secretary Mr. Harsh Vardhan Shringla နှင့် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Karambir Singh တို့က အဖွင့် မိန့်ခွန်းများ အသီးသီးပြောကြား၍ အခမ်း အနားကို ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် တက်ရောက်လာသော ရေတပ်ဦးစီးချုပ်များမှ Maritime Security and Emerging Non-Traditional Threats: A Case for Proactive Role for IOR Navies နှင့် ပတ်သက်၍ တည်ငြိမ်အေးချမ်းသည့် အိန္ဒိယသမုဒ္ဒရာ Peaceful India Ocean ဖြစ်စေရန်အတွက် ရေကြောင်းမူဝါဒ ဆိုင်ရာ သဘောထားအမြင်များကို နိုင်ငံ အလိုက် ဆွေးနွေးခဲ့ကြသည်။ ထိုသို့ ဆွေးနွေးရာတွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်က အိန္ဒိယ သမုဒ္ဒရာ၏ မဟာဗျူဟာ အချက်အချာ ကျမှု၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များ တွင် တပ်မတော်(ရေ) မှ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ အိန္ဒိယသမုဒ္ဒရာအတွင်း သမားရိုးကျ မဟုတ်သော လုံခြုံရေးခြိမ်းခြောက်မှုများ ကို Navy to Navy Staff Talks ၊ Coor-dinated Patrol ၊ Bilateral နှင့် Multilateral ပူးပေါင်း၍ ဖြေရှင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများအား ဖော်ထုတ်ဆွေးနွေးခဲ့ပြီး Comom Maritime Priorities in IOR အား ထုတ်ပြန်ကြေညာခဲ့သည်။
ဆက်လက်၍ ဆွေးနွေးပွဲသို့ တက် ရောက်လာကြသော အငြိမ်းစား ရေတပ် ဦးစီးချုပ်များ၊ ရေတပ်အရာရှိကြီးများ၊ သံအမတ်ကြီးများနှင့် ကျွမ်းကျင်ပညာရှင် များက Maritime Security and Emerging Non-Traditional Threats ခေါင်းစဉ်ကို လည်းကောင်း၊ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံမှ ဆက်ဆံ ရေး ကိုယ်စားလှယ်အရာရှိများပါဝင် ဖွဲ့စည်းထားရှိသည့် Information Fusion Centre – Indian Ocean Region (IFC-IOR) မှ ၂၀၂၁ ခုနှစ်အတွင်း အိန္ဒိယသမုဒ္ဒရာ အတွင်း၌ ဖြစ်ပွားခဲ့သော သမားရိုးကျ မဟုတ်သည့် ခြိမ်းခြောက်မှုများအပေါ် လေ့လာသုံးသပ်ခြင်း၊ ပင်လယ်ရေကြောင်း လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး တို့အတွက် သတင်းအချက်အလက် ဖလှယ်ခြင်း၏ အရေးပါမှုများကို လည်း ကောင်း ဆွေးနွေးခဲ့ကြသည်။
ခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီး ချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် သီရိ လင်္ကာနိုင်ငံ ရေတပ်ဦးစီးချုပ် Vice Admiral Nishantha Ulugetenne နှင့် လည်းကောင်း၊ အိန္ဒိယရေတပ် အနောက် ပိုင်း ရေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ် မှူး Vice Admiral R. Hari Kumar ၊ တောင်ပိုင်း ရေတပ်ကွပ်ကဲမှုဌာနချုပ်ဌာနချုပ်မှူး Vice Admiral Anil Kumar Chawla၊ ရေကြောင်းတိုင်းတာရေးဌာနမှ Chief Hydrographer ဖြစ်သူ Vice Admiral Adhir Arora နှင့် တွေ့ဆုံပြီး အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။
ထို့ပြင် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် Mormugoa Port Terminal ဆိပ်ကမ်းရှိ အိန္ဒိယရေတပ်၏ ရေငုပ် သင်္ဘောကယ်ဆယ်ရေးရေယာဉ် Deep Submergence Rescue Vessel-DSRV သို့လည်းကောင်း၊ Kolkata Class ဒုံးပျံတင်ဖျက်သင်္ဘော INS Kochi (D64) သို့လည်းကောင်း၊ Goa Shipyard Limited သင်္ဘောကျင်းသို့လည်းကောင်း၊ အိန္ဒိယရေတပ်၏ လေတပ်အခြေစိုက် စခန်း INS Hansa သို့ လည်းကောင်း၊ Naval Aviation Museum သို့လည်း ကောင်း သွားရောက်လေ့လာ ကြည့်ရှုကြ ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်