
နေပြည်တော် နိုဝင်ဘာ ၁၄
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ဂျပန်နိုင်ငံ The Nippon Foundation အဖွဲ့ ဥက္ကဋ္ဌ Mr. Yohei Sasakawa နှင့် အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ကျန်းမာရေးဝန်ကြီး ဌာန ဧည့်ခန်းမ၌ တွေ့ဆုံကြသည်။
တွေ့ဆုံစဉ် The Nippon Foundation မှ မြန်မာ နိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ လူသား ချင်း စာနာထောက်ထားမှုအကူအညီများ ပေးအပ် မည့်ကိစ္စ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဝန်ကြီးဌာနမှ လိုအပ်မည့် ဆေးနှင့်ဆေးပစ္စည်းများ၊ ဆေးရုံ၊ ဆေးခန်းများ ဆောက်လုပ်လှူဒါန်းနိုင်မည့်ကိစ္စ၊ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များ လှူဒါန်းပေးအပ်နိုင်မည့်အခြေအနေများ၊ ဂျပန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန် ရန် ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ ဂျပန်နိုင်ငံ ၏ အကူအညီဖြင့် ဆောင်ရွက်နေသည့် ဆေးရုံ ဆောက်လုပ်ရေးနှင့် အဆင့်မြှင့်တင်ရေးလုပ်ငန်း များ ပြန်လည်ဆောင်ရွက်ပေးနိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်