SME လုပ်ငန်းများ၏ လိုအပ်ချက်များကို မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန်နှင့် နည်းပညာပံ့ပိုးပေးမှုများအား လက်တွေ့တွင် အသုံးချနိုင်ရေးဆောင်ရွက်

 

နေပြည်တော်   နိုဝင်ဘာ   ၁၄


စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် နိုဝင်ဘာ ၁၃  ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးရှိ အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး)နှင့် မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်   တွေ့ဆုံ သည်။

 

တွေ့ဆုံစဉ် အမှတ်(၂) စက်မှု သင်တန်း   ကျောင်းအုပ်ကြီးနှင့်  မန္တလေးတိုင်းဒေသကြီး   စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး တို့က ကဏ္ဍအလိုက်   လုပ်ငန်း ဆောင်ရွက်မှုများကို  ရှင်းလင်း တင်ပြသည်။

 


တင်ပြချက်များနှင့် စပ်လျဉ်း ၍     ပြည်ထောင်စုဝန်ကြီးက အမှတ်(၂)စက်မှုသင်တန်းကျောင်း (မန္တလေး)၏    လုပ်ငန်းသစ်စီမံ ကိန်းတွင် CNC စက်များ အသစ် ထပ်မံ  ဖြည့်တင်းမည်ဆိုပါက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်းများနှင့်    စက်မှု ဝန်ကြီးဌာနရှိ စက်ရုံများ၏ လိုအပ် ချက်နှင့် ကိုက်ညီမှုရှိရန် လိုအပ် ကြောင်း၊ သင်တန်းများကို အသစ် တိုးချဲ့ဖွင့်လှစ်ပါက   ဒေသတွင်း လိုအပ်ချက်စာရင်းများ  ကောက် ယူ ဆောင်ရွက်စိစစ်ပြီးမှ လိုအပ် ချက်အတိုင်း    တိုးချဲ့ဖွင့်လှစ်ရန် လိုအပ်ပါကြောင်း၊ သင်တန်းသား များအား Certificate of Com-petency - COC နှင့် Certificate of Proficiency- COP အား ခွဲခြား သိရှိနိုင်ရေး       ရှင်းလင်းပေးရန် လိုအပ်ပါကြောင်း၊ မန္တလေးတိုင်း ဒေသကြီး    စက်မှုကြီးကြပ်ရေး နှင့်    စစ်ဆေးရေးဦးစီးဌာနနှင့် အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး) တို့ ချိတ်ဆက်ဆောင် ရွက်ရမည်           ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

 


ဆက်လက်၍  မန္တလေးတိုင်း ဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန အနေဖြင့် ဥပဒေ(၄)ရပ်ဖြင့်  လုပ်ငန်းများဆောင်ရွက်ရမည်ဖြစ်ပြီး အဆိုပါ ဥပဒေ(၄)ရပ်အပြင်    ဖွဲ့စည်းပုံ အခြေခံဥပဒေပါ   ပုဒ်မ(၂၉)နှင့် ပုဒ်မ(၃၀)တို့ကိုလည်း     သိရှိ လိုက်နာ  ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ဌာနတစ်ခုချင်းအလိုက် အလုံးစုံ အရည်အသွေးစီမံခန့်ခွဲမှု (Total Quality Management) စနစ်ထူထောင်ပြီး        လုပ်ငန်း စွမ်းဆောင်နိုင်မှု   အညွှန်းကိန်း (Key Performance Indicator- KPI) များ သတ်မှတ်ဆောင်ရွက်ရန်၊ ဘွိုင်လာစစ်ဆေးရေး ဌာနအနေ ဖြင့် သက်တမ်းနှစ်(၁၀၀) အထက် ရှိ ဘွိုင်လာများ၏ ဓာတ်ပုံမှတ်တမ်း များ   ပြုစုတင်ပြသွားရန်၊  SME လုပ်ငန်းများ၏ လိုအပ်ချက်များ ကို    မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရန်နှင့် နည်းပညာပံ့ပိုး ပေးမှုများအား   လက်တွေ့တွင် အသုံးချနိုင်ရေး   ဆောင်ရွက်ရန်၊ အသေးစား၊ အငယ်စားနှင့်အလတ်  စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက်        ထိထိ ရောက်ရောက်    အောင်မြင်ရန် ဖြည့်ဆည်း    ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း။

 


နိုင်ငံတော်     ဝန်ကြီးချုပ်က လည်း အရည်အသွေး ပြည့်မီသော ပြည်တွင်းထုတ်ကုန်များ  ထုတ် လုပ်ရန်  လမ်းညွှန်မှာကြားထား သဖြင့် အရည်အသွေးပြည့်ဝသော ထုတ်ကုန်များ   ထုတ်လုပ်သည့် စက်ရုံများဖြစ်ရန် လိုအပ်ကြောင်း၊  အရည်အသွေးပြည့်ဝပြီး  အာမခံ ချက်ရှိသော စက်ရုံများ ဖြစ်စေရေး အတွက် Quality  Management (Quality of an Organization)၊ CAPA၊  Root  Cause  Analysis၊ Risk Management နှင့် Ministry of Industry’s Role in Industrial 4.0 များကို       ဝန်ထမ်းများအား ရှင်းလင်း    ပြောကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်