
မြစ်ကြီးနား နိုဝင်ဘာ ၁၄
ကချင်ပြည်နယ် အစိုးရအဖွဲ့ ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ပြည်နယ်အားကစားနှင့် ဆပ် ကော်မတီက ကြီးမှူးကျင်းပသည့် ဆောင်းရာသီ အားကစားပွဲတော် အထိမ်းအမှတ် ကလပ်အသင်း ပေါင်းစုံ(အမျိုးသား၊ အမျိုးသမီး)ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနား မြို့ရှိ နောင်ရာဖူဆယ်ဘောလုံး ကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်၀န်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အဖွဲ့၀င်များ သည် ဖူဆယ်အမျိုးသားအသင်း ဗိုလ်လုပွဲဖြစ်သည့် ထိန်လင်း FC အသင်းနှင့် ကချင်ရီးရဲလ် အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှု အားပေးသည်။
ထို့နောက် ပြည်နယ်၀န်ကြီး ချုပ်၊ ပြည်နယ်တရားသူကြီးချုပ်နှင့်ပြည်နယ်၀န်ကြီးတို့က ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အမျိုးသား အမျိုးသမီးအသင်း များမှ အားကစားသမားများအား တစ်ဦးချင်း လည်ဆွဲ၊ ငွေသားဆု နှင့် တံခွန်စိုက်ဆုဖလားများကို ပေးအပ်ချီးမြှင့်သည်။
အဆိုပါ ဖူဆယ်ဘောလုံး ပြိုင်ပွဲတွင် အမျိုးသား ၁၆ သင်း၊ အမျိုးသမီး ခြောက်သင်း စုစု ပေါင်း၂၂ သင်း ပါ၀င်ယှဉ်ပြိုင် ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ကချင်ပြည်နယ် ၀န်ကြီးချုပ်နှင့် အဖွဲ့၀င်များသည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ (၇၅)နှစ် မြောက် စိန်ရတု ပြည်ထောင်စု နေ့အထိမ်းအမှတ် ဂုဏ်ပြု တေးသီချင်း ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် ကချင် အနုပညာရှင်အသင်းချုပ်မှ တေး ဂီတပညာရှင်များနှင့် တွေ့ဆုံ ဆွေးနွေးသည်။
ယင်းနောက် ပြည်နယ် ၀န်ကြီးချုပ်က ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၅)နှစ် မြောက် စိန်ရတု ပြည်ထောင်စုနေ့ သည် မိမိတို့ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအတွက် ဂုဏ်ယူစရာ နေ့ထူးနေ့မြတ် ဖြစ်ကြောင်း၊ အထိမ်းအမှတ်အဖြစ် ကျင်းပ မည့် ‘‘တူယှဉ်နွှဲပျော် ဂီတပွဲတော်’’ ဂုဏ်ပြုတေးသီချင်း ပြိုင်ပွဲသည် စိန်ရတုပြည်ထောင်စုကို ပြည်သူ များ မှတ်မှတ်ထင်ထင်သိရှိ ပြီး စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ်ပိုမို ထွန်းကားပြန့်ပွား စေရန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ကိုယ်၊ စိတ် ပင်ပန်း နွမ်းနယ်နေသည့် ပြည်သူများအား ဖျော်ဖြေမှုပေးနိုင်ရန် ရည်ရွယ် ၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ပြော ကြားသည်။
အဆိုပါပြိုင်ပွဲကို နို၀င်ဘာ ၂၆ ရက်မှ ဖေဖော်ဝါရီ ၁၁ ရက် အထိ ကျင်းပမည်ဖြစ်ပြီး တိုင်း ဒေသကြီးနှင့် ပြည်နယ်တစ်ခု လျှင် အသက် ၁၈ နှစ်မှ အသက် ၅၀ အတွင်းရှိ အဆိုရှင် သုံးဦးနှုန်း ဖြင့် စုစုပေါင်း ၄၅ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရ သည်။
ပြည်နယ်(ပြန်/ဆက်)