မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် မစ္စတာ ဗီနေးကူးမား အား ခန့်အပ်ရန် သဘောတူ

 

နေပြည်တော်   နိုဝင်ဘာ   ၁၅


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူမားနေရာတွင် မစ္စတာ ဗီနေးကူးမား အား ခန့်အပ် ရန်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက  သဘော တူညီပြီးဖြစ်သည်။

 


မစ္စတာဗီနေးကူးမားကို ၁၉၆၉ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်တွင် မွေးဖွားခဲ့ပြီး၊ အိန္ဒိယ နည်းပညာတက္ကသိုလ်မှ နည်းပညာ(ဂုဏ်ထူး)ဘွဲ့ကိုရရှိခဲ့သည်။ ၎င်းသည် ၁၉၉၂ ခုနှစ်တွင် အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနသို့ စတင်ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ဥဇဘတ် ကစ္စတန်နိုင်ငံ၊  ကာဂျစ်စတန်နိုင်ငံ၊  ကနေဒါနိုင်ငံ၊   ပိုလန်နိုင်ငံ၊ အီရန်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ နီပေါနိုင်ငံနှင့် အာဖဂန် နစ္စတန်နိုင်ငံတို့ရှိ အိန္ဒိယသံရုံးနှင့် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများတွင် အသီးသီးတာဝန်ထမ်းဆောင်ခဲ့သည်။ အိန္ဒိယပြည်ပ ရေးရာဝန်ကြီးဌာနတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အရှေ့နှင့် တောင်အာရှဌာနတွင်  တွဲဖက်အတွင်းဝန်အဖြစ် လည်းကောင်း၊ ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တောင်နှင့် နာလန္ဒာရှေးဟောင်းယဉ်ကျေးမှုနယ်မြေဆိုင်ရာဌာနခွဲတွင် တွဲဖက်အတွင်းဝန်အဖြစ် လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်မှ ယနေ့အထိ အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနတွင် လက်ထောက်အတွင်းဝန်အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်လျက်ရှိသည်။ ၎င်းသည် အိမ်ထောင်ရှင်တစ်ဦး ဖြစ်သည်။  


သတင်းစဉ်