(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့်အစီအစဉ်အဖြစ် ဆောင်ရွက်သည့် ဧရာဝတီတိုင်းဒေသကြီး“တူယှဉ်နွှဲပျော်ဂီတပွဲတော်” တေးသီချင်းသီဆိုမှုပြိုင်ပွဲကျင်းပ

 

ပုသိမ်    နိုဝင်ဘာ   ၁၄


(၇၅)    နှစ်မြောက်     စိန်ရတု ပြည်ထောင်စု​နေ့ကို ဂုဏ်ပြုသည့် အစီအစဉ်အဖြစ်   ဆောင်ရွက် သည့်     ဧရာဝတီတိုင်းဒေသကြီး ၏ “တူယှဉ်နွှဲပျော် ဂီတပွဲတော်” တေးသီချင်း      သီဆိုမှုပြိုင်ပွဲကို ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌  ယနေ့ မွန်းလွဲ   ၁  နာရီတွင်  ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ်  ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် (၆) ခရိုင်မှ  ပြိုင်ပွဲဝင်  အဆိုဝါသနာရှင် များ တက်ရောက်ကြသည်။

 


ရှေးဦးစွာ    ဧရာဝတီတိုင်း  ဒေသကြီး   ဝန်ကြီးချုပ်    ဦးတင် မောင်ဝင်းက  အမှာစကား   ပြော ကြားရာတွင်   “လာမည့်     ၂၀၂၂ ခုနှစ်    ဖေဖော်ဝါရီလ   ၁၂   ရက် နေ့မှာ ကျရောက်မည့်   (၇၅)  နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ ကို  ပြည်သူများ မှတ်မှတ်ထင်ထင် သိရှိပြီး စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ်      ထွန်းကားပြန့်ပွား စေရန်၊   ကိုဗစ်-၁၉   ကပ်ရောဂါ ကာလအတွင်း       ကိုယ်စိတ်၊ ပင်ပန်းနွမ်းနယ်နေသည့် ပြည်သူ များအား       ဖျော်ဖြေပေးရန် ရည်ရွယ်၍ စိန်ရတုပြည်ထောင်စု နေ့ကို   ဂုဏ်ပြုသည့်  အစီအစဉ် အဖြစ် တူယှဉ်နွှဲပျော်ဂီတပွဲတော် တေးသီချင်း     သီဆိုမှုပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း၊   မိမိတို့ တိုင်းမှ သုံးဦးပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်၍ ရွေးချယ်ခြင်းဖြစ်ကြောင်း၊ အဆိုဝါသနာရှင်များက  ကြိုးစား ယှဉ်ပြိုင်ကြစေလိုကြောင်း၊  ယနေ့ ပြိုင်ပွဲရဲ့ အဆိုရှင်ရွေးချယ်ပွဲကြီးမှာ  မိမိတို့မှာရှိသည့်     စွမ်းရည်ပညာ ပါရမီများကို ထုတ်ဖော်ပြသခွင့် ရရှိကြမည်ဖြစ်ကာ ဧရာဝတီတိုင်း ဒေသကြီး    ဂုဏ်ကို   ဖော်ဆောင် ပေးသူများဖြစ်အောင်   ကြိုးစား ယှဉ်ပြိုင်ကြရန်   တိုက်တွန်းအပ် ပါကြောင်း” ပြောကြားသည်။ 

 


ဆက်လက်၍  အကဲဖြတ်ဒိုင် အဖွဲ့မှ          ဦးကျော်ကျော်က      စည်းကမ်း သတ်မှတ်ချက်များနှင့်       အမှတ်ပေး    စည်းမျဉ်းများကို     ရှင်းလင်းတင်ပြပြီး   Level   (1)   အဆင့်ပြိုင်ပွဲ ဆက်လက်ကျင်းပ ခဲ့သည်။

 


ထို့နောက်   တိုင်းဒေသကြီး  ဝန်ကြီးချုပ်က တေးသီချင်းသီဆိုပြိုင်ပွဲဝင်ကြသူများ    အားလုံးကို ဂုဏ်ပြုငွေများ    ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကိုတွတ်(တိုင်းပြန်/ဆက်)