ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ်သိန်း ၆၁၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော်   နိုဝင်ဘာ   ၁၃ 


မန္တလေးတိုင်းဒေသကြီး   ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ်သိန်း ၆၁၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး များ  ဖမ်းဆီးရမိခဲ့ကြောင်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 


မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင် ဘာ ၁၁ ရက် ညနေ ၅ နာရီခွဲတွင် ပြင်ဦးလွင်မြို့နယ် ပြင်ဦးလွင်-မိုးကုတ်သွားကားလမ်း   ညောင်ကုန်း ကျေးရွာအနီးတွင် အောင်ကိုကိုမျိုး(၃၄နှစ်) မောင်းနှင် လာသည့် NISSAN DIESEL ခြောက်ဘီးမော်တော် ယာဉ်ကို သတင်းအရ စစ်ဆေးရှာဖွေရာ မော်တော် ယာဉ်အတွင်းမှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၆၁၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၁ ဒသမ ၁၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၇၀၀၀ သိမ်းဆည်းရမိခဲ့ ကြောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ည ၇ နာရီခွဲ တွင် မူးယစ်ဆေးဝါးများသယ်ဆောင်ရာ၌ ပူးပေါင်း ပါဝင်သူများဖြစ်ကြသည့် ဆံသိုး(၂၂နှစ်)၊ လင်းထက် အောင်(၂၄နှစ်)၊ ရဲရင့်ထွန်း (၂၉နှစ်)တို့ကို ဆက်လက် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ် ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ လေးဦး အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို   ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။                

သတင်းစဉ်