
တောင်ကြီး နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် Heho Resort (InnKhaung) ကုမ္ပဏီလီမိတက်တို့ ပူးပေါင်း၍ နိုင်ငံတကာအဆင့်မီ ဂေါက်ကွင်း နှင့် ဟိုတယ်လုပ်ငန်းများ အပါ အဝင် အိမ်ရာမြေဖော်ထုတ်ခြင်း စီမံကိန်းများ အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် မူဘောင် သဘောတူစာချုပ်(FrameWork Agreement)ကို နိုဝင်ဘာ ၁၀ ရက် က တောင်ကြီးမြို့ရှိ ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ လက်မှတ်ရေးထိုးသည်။
ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ပြည်နယ် အစိုးရအဖွဲ့သည် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အိမ်ရာစီမံ ကိန်းလုပ်ငန်း ၁၆ ခု၊ ဟိုတယ်နှင့် အပန်းဖြေစခန်း စီမံကိန်း လေးခု၊ ရုပ်မြင်သံကြားစတူဒီယို တည် ဆောက်ရေးစီမံကိန်း တစ်ခု၊ အခြားစီးပွားရေးလုပ်ငန်းစီမံကိန်း ကိုးခု၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရေးလုပ်ငန်း စီမံကိန်း ၄၂ ခု စုစုပေါင်း စီမံကိန်းလုပ်ငန်း ၇၃ ခုကို MoA ၂၈ ခု၊ MoU ၄၂ ခုနှင့် FrameWork Agreement သုံးခုဖြင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း၊ Heho Resort (InnKhaung) ကုမ္ပဏီလီမိတက်သည် ကလော မြို့နယ် အင်းခေါင်းကျေးရွာအနီးရှိ ကုမ္ပဏီပိုင်မြေ ၃၁၄ ဒသမ ၄၂ ဧကတွင် Heho Resort နိုင်ငံ တကာအဆင့်မီ ဂေါက်ကွင်း၊ ဟိုတယ်လုပ်ငန်းများ အပါအဝင် အိမ်ရာမြေဖော်ထုတ်ရေးစီမံကိန်း ကို အကောင်အထည်ဖော် ဆောင် ရွက်ခြင်းဖြစ်ကာ ဖြစ်မြောက်နိုင် စွမ်း လေ့လာရန် ချုပ်ဆိုသည့် နားလည်မှုစာချွန်လွှာ (MoU)ကို ၂၀၁၉ ဩဂုတ်လက လက်မှတ် ရေးထိုးချုပ်ဆိုခဲ့ပြီး ယခု မူဘောင် သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း၊ အဆိုပါ အိမ်ရာမြေဖော်ထုတ်ရေးစီမံကိန်း ဆောင်ရွက်ခြင်းဖြင့် ဒေသခံ ပြည်သူများ အလုပ်အကိုင် အခွင့် အလမ်းများ ရရှိလာခြင်း၊ ဒေသ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် မြို့ပြ အိမ်ရာစနစ် ဖွံ့ဖြိုးတိုးတက်လာ ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း ပြောကြား သည်။ ထို့နောက် စီမံကိန်းများကို အကျိုးတူပူးပေါင်းဆောင်ရွက်ရန် အကောင်အထည်ဖော်ရေးဆိုင်ရာ မူဘောင်သဘောတူ စာချုပ်ကို ပြည်နယ် ဝန်ကြီးချုပ်နှင့် Heho Resort ဥက္ကဋ္ဌ ဦးအောင်အောင်ဇော် တို့က လက်မှတ်ရေးထိုးခဲ့သည်။
အင်းသားလေး(တောင်ကြီး)